10) Value Of Answer

6.2K 646 49
                                    

Yeol's pov ;

တစ်ချက်ချင်း တစ်ချက်ချင်း ရွေ့နေတဲ့ လက်ပတ်နာရီပေါ်က လက်တံများကို ကြည့်ရင်း ပူပန်စိတ်တွေက တစ်ဖြည်းဖြည်း တိုးပွားလျက် ..

အခန်းထဲတွင် ရှိနေပေမယ့် လူက တစ်နေရာတွင် စိတ်ငြိမ်ငြိမ်ဖြင့် ထိုင်နိုင်စွမ်းမရှိတာကြောင့် ဂနာမငြိမ်စွာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေမိသည် ။

ပြတင်းပေါက် အပြင်ကို လှမ်းကြည့်လိုက်တော့ အတော်ပင် မှောင်မဲနေပြီ ။

Byun baekhyun !! ဘာလို့ အခုထိပြန်မလာသေးတာလဲ .. ?

* ငါ မှားသွားပြီလား ? *

" တောက် !!! "

ဦးနှောက်ထဲ လျပ်တပြတ် ၀င်ရောက်လာတဲ့ အတွေးတစ်ချက်ကြောင့် အလိုမကျစွာ တောက်ခေါက်လိုက်မိသည် ။

ဟင့်အင်း .. ငါ မမှားဘူး ။

တုပ်လှုပ်နေတဲ့ စိတ်ကို ပြန်တင်းကာ ကိုယ့်ကိုကိုယ် သတိပေးနေမိသည် ။ ခုတင်ပေါ်မှာ ထိုင်ရင်း အသက်ကို ဖြည်းဖြည်းရှူကာ ပူပန်နေသောစိတ်တို့ကို အနည်ထိုင်အောင် ကြိုးစားနေပေမယ့် သိပ်ပြီး မထူးခြား ..

နောက်ဆုံးတော့ မနေနိုင်တော့တဲ့အဆုံး ကျွန်တော်ကိုယ်တိုင် စွန့်ပစ်ခဲ့တဲ့ လူတစ်ယောက်ကို .. ကျွန်တော်ကိုယ်တိုင်ပဲ ရူးမိုက်စွာ ပြန်လည်ရှာဖွေရန် ထွက်လာခဲ့လိုက်တော့သည် ။

ဘာမှမဖြစ်ပဲ ဒီအတိုင်းလေး ရှိနေပေးပါ .. ငါအခု မင်းကို ခေါ်ဖို့ ထွက်လာနေပြီ ။

Flashback ...

Baekhyun နဲ့ sehun ဆိုတဲ့တစ်ယောက် ပက်လယ်ဘက်ကို အတူထွက်သွားတာ မြင်လိုက်တော့ အလိုလို လက်သီးဆုပ်မိလျက်သား ..

တစ်ဖြည်းဖြည်း တွန့်ချိုးလာတဲ့ မျက်ခုံးအစုံက ဒေါသအရှိန်ကို ဖော်ပြနေသလို .. စိတ်ပျက်စရာကောင်းလိုက်တာ byun baekhyun !!

မင်းဟာလေ ငါ့ရဲ့ ယောက်ျားဆိုတဲ့ အမှန်တရားကို လှစ်လျူ ရူပြီး တစ်ခြားတစ်ယောက်နဲ့ ပျော်ချင်တိုင်းပျော်နေတယ်ပေါ့လေ .. 

မင်း Oh Sehun ဆိုတဲ့ လူနဲ့ ပတ်သက်ခဲ့တဲ့အတွက် တစ်သက်လုံး နောင်တရစေရမယ် ..

Value Of Tear// Completed //Nơi câu chuyện tồn tại. Hãy khám phá bây giờ