Character Description

4.2K 417 153
                                    

ဟုတ်ကဲ့ .. Fic update မဟုတ်တာတောင်းပန်ပါတယ် .. ဒါပေမယ့် အဆုံးထိတော့ ဖတ်ပေးကြပါ ။

အမှန်အတိုင်းပြောရင် ဒီ fic လေးကို ကြိုက်တဲ့လူ နည်းပါတယ် .. တစ်ဖြည်းဖြည်း vote တွေလျော့လာသလို .. Viewer တွေလည်း ထိုးကျလာပေမယ့် ဒီ fic လေးကို ကြိုးစားပြီးဆက်ရေးဖြစ်ခဲ့တယ် ..

ဒါပေမယ့် မနေ့က တင်လိုက်တဲ့အပိုင်းမှာ မြင်လိုက်ရတဲ့ comment တစ်ချို့ကြောင့် စိတ်ဓာတ်တွေ ထိုးကျသွားသလိုပါပဲ .. ဆက်မဖတ်တော့ဘူးဆိုတဲ့ comment တွေ .. အစကတည်းက အဆင်မပြေတာ တစ်ဖြည်းဖြည်းပိုဆိုးလာတယ်ဆိုတဲ့ comment တွေ ၄ ၅ ခုလောက် တွေ့လိုက်ရတော့ ဘယ်လိုပြောရမှန်းမသိအောင်ပါပဲ .. ။

ဒီ fic ကို စဖတ်ကတည်းက prologue ကို ဖတ်ထားပြီးသားဖြစ်မှာပါ .. Sehun နဲ့ baekhyun ဟာ လက်ထပ်မှာပါ ။ ဒီအကြောင်းကို စဖတ်ကတည်းက သိထားပြီးဖြစ်မှာပါ ။ အစကတည်းကလည်း fic type ဟာ angst လို့ပြောထားပြီးသားပါ ။

ဒါပေမယ့် ဆက်မဖတ်ကြတော့ဘူးဆိုတော့ plot ပဲ ပြန်ပြောင်းရမလား .. ဒါမှမဟုတ် prologue ကိုပဲ ဖျက်လိုက်ရမလား .. တော်တော်လေး အတွေးများခဲ့ပါတယ် .. ဒါပေမယ့် ဒီအတိုင်းပဲ ဆက်ရေးသွားမှာပါ ။ အမှန်အတိုင်းပြောရရင် ဖတ်တဲ့လူတွေ မရှိတော့ရင်တောင် ကျွန်မပြချင်တဲ့ ခံစားချက်တွေကို ရေးပြချင်လို့ ..

အရင်ဆုံး character တွေရဲ့ ခံစားချက်ကို နားမလည်သေးဘူးထင်လို့ ရှင်းပြချင်ပါတယ် .. ။

ပထမဆုံး Chanyeol ပါ ။

သူ baekhyun ကို ချစ်ပါတယ် .. ဒါပေမယ့် သူဟာ အတ္တကြီးလွန်းခဲ့တယ် .. လက်မထပ်ခင်ကတည်းက baek ကို ချစ်ခဲ့ပေမယ့် သူ့မာနကြောင့် ဖွင့်မပြောနိုင်ခဲ့ဘူး .. Chanyeol ရဲ့ ခံစားချက်ကို အစပိုင်းမှာ ကျွန်မရေးပေးခဲ့ပါတယ် .. နောက်ပိုင်း baek ကို ပိုချစ်လာတယ် .. ဖွင့်ပြောဖို့ကြိုးစားတယ် .. ဒါပေမယ့် သ၀န်တိုတယ် ..

Baek ကို နားမလည်ဘူး .. တစ်ဖက်လူရဲ့အချစ်ကို မယုံကြည်ဘူး ။ တစ်ခါတစ်လေ လူတစ်ယောက်ဟာ တစ်ခြားလူတစ်ယောက်အပေါ် အစွန်းရောက်ချစ်သွားတဲ့အခါ .. မထင်မှတ်လောက်အောင် သိပ်ချစ်မိသွားတဲ့အခါ .. တစ်ဖက်လူရဲ့အချစ်ကို မမြင်နိုင်တော့ဘူး ။ ငါသာ ပိုချစ်တဲ့လူ .. ငါသာ အချစ်ကြီးတဲ့လူ .. ငါသာ နားအလည်ပေးနိုင်ဆုံးလူ .. ငါသာ စွန့်လွတ်အနစ်နာခံ ချစ်တဲ့သူ .. အဲ့လို အတ္တတွေ သိပ်များလာတယ် ..

အထင်လွဲမှုတွေ များလာတယ် .. နားလည်မှုတွေ လျော့လာတယ် .. အဲ့ဒီအခါ သူကိုယ်တိုင်တောင်မသိလိုက်ပဲ သူ့ချစ်တဲ့သူကို သူကိုယ်တိုင် အဝေးကို တွန်းထုတ်လိုက်မိတယ် .. ဒါဟာ Chanyeol ရဲ့ character ပါ .. ။

ဒုတိယ baekhyun ..

သူလည်း chanyeol ကို သိပ်ချစ်တယ် .. ဒါပေမယ့် သူ chanyeol ရဲ့ အချစ်ကို မမြင်နိုင်ဘူး ။ တစ်ချိန်ချိန် ချစ်လာမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးတောင် မထားနိုင်တော့ဘဲ ဘယ်တော့မှ မချစ်လာနိုင်ဘူးဆိုတဲ့ တစ်ဖက်သတ်အတွေးကြောင့် .. သူ chanyeol ရဲ့ အချစ်ကို မြင်နိုင်စွမ်းတွေ ပိတ်သွားရတာပါ ။

ပြီးတော့ တော်တော်များများ baek ကို အပြစ်တင်တာတွေလည်း တွေ့ရပါတယ် .. Baek ရဲ့ character ဟာ ကျွန်မရဲ့ ပုံရိပ်တစ်စိတ်တပိုင်းပါ ..
ချစ်တိုင်း အတူမရှိနိုင်ပါဘူး ။ ချစ်တိုင်း မဆွဲထားနိုင်ပါဘူး ။

ချစ်ပေမယ့် သူ့ကို လက်လွတ်ခဲ့ရတယ် .. ကိုယ်နဲ့အတူရှိနေလို့ သူ စိတ်ဆင်းရဲမယ်ဆိုရင် .. သူပျော်ရွင်ဖို့ လက်လွတ်ပေးတာ .. အချစ်လို့ ကျွန်မယူဆတယ် .. ကျွန်မကိုယ်တိုင်လည်း သူ့ကို သိပ်ချစ်ခဲ့တယ် .. ဒါပေမယ့် သူ့အတွက် .. ကျွန်မကိုယ်တိုင် သူ့ကို လမ်းခွဲစကားစပြောခဲ့တယ် .. ဒါ အချစ်ပါ ။

Baekhyun ကိုရော chanyeol ကိုရော .. နားလည်ပေးစေချင်ပါတယ် .. ။

ဇာတ်လမ်းတစ်ခုဟာ သေချာပေါက် ပျော်ရွှင်နေရမယ်လို့ ကျွန်မမယူဆဘူး ။ Sad ending ဖြစ်ကိုဖြစ်ရမယ့် အခြေအနေတစ်ခုကို happy ending ဖြစ်ခိုင်းရင် ဒါ သဘာဝမကျပါဘူး ။ အခုထိ ဇာတ်လမ်းထဲ ပျော်စရာ တစ်ကွက်မှ မရှိသေးတာ သိပါတယ် .. ဒါပေမယ့် လက်တွေ့မှာဖြစ်တတ်တဲ့ ပုံစံလေးကို သရုပ်ဖော်ပေးထားတာပါ ။

ဖတ်တဲ့လူတွေ စိတ်ညစ်ရတာ မှန်ပေမယ့် ဇာတ်လမ်းတစ်ခုအဖြစ်ပဲ သဘောထားလိုက်မယ်ဆို .. အရမ်းကြီး စိတ်မညစ်ရလောက်ဘူးထင်ပါတယ် .. ။

အခု ကျွန်မ ဘာဆက်ရေးရမှန်း တစ်ကယ်မသိပါဘူး ။ စဉ်းစားထားသမျှ idea တွေလည်း ပျောက်သွားတယ် .. ။ ဆက်ရေးရင် ကောင်းမလား ။ ရပ်လိုက်ရတော့မလားလို့တောင် တွေးမိတဲ့အထိ ။ ဒါပေမယ့် ဆက်ရေးဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် .. ဒါပေမယ့် ဆက်မဆွဲတော့ပဲ ခပ်မြန်မြန်ဇာတ်သိမ်းလိုက်မှာပါ ။

ဆက်ရေးမယ့်အပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဆက်ရေးသွားပါ့မယ် ..

ရှင်းပြမှ ပိုရှူပ်သွားမလားမသိပေမယ့် ဒီဇာတ်ကောင်နှစ်ယောက်ကို ပိုနားလည်စေချင်လို့ ရေးလိုက်တာပါ ။ အဆုံးထိဖတ်ပေးတာ ကျေးဇူးတင်ပါတယ် ။

အားလုံးကို ချစ်ပါတယ် .. အဆုံးထိ ယုံယုံကြည်ကြည်နဲ့ ဆက်ဖတ်ပေးစေချင်ပါတယ် ။

Value Of Tear// Completed //Where stories live. Discover now