24) Value Of Tear (Final Part)

9.2K 642 114
                                    


Song for this final part ..
Chen feat Chanyeol (If We Love Again )
ဖွင့်ပြီး နားထောင်ပေးကြပါရှင့် ..

💜💜💜💜
အမှတ်တမဲ့ ကျွန်တော်ပါးပြင်ပေါ် ကြွေကျလာတဲ့ မျက်ရည်တစ်စက် .. ချစ်ရသောသူအတွက် ..  ကျွန်တော်မျက်ဝန်းက ကျခဲ့တဲ့ မျက်ရည်တစ်စက်ဟာ .. အပြုံးတစ်ပွင့်ထက် အဆပေါင်းများစွာ တန်ဖိုးရှိပါတယ် ။

•~•~•~•

Chanyeol's pov;

ကိုးရီးယားမြေပေါ် ခြေချလိုက်တာနဲ့ ခံစားလိုက်ရတဲ့ မြေနံ့သင်းသင်းလေး .. လေအဝှေ့မှာ ခံစားလိုက်ရတဲ့ ရင်းနှီးတဲ့ အငွေ့အသက်အပိုင်းအစလေး .. ။

ဒီမြေကို ဘယ်လောက်တောင် သူလွမ်းခဲ့ရပါသလဲ ? ၁ နှစ်ဆိုတဲ့အချိန်အတွင်း တစ်စုံတစ်ယောက်ကို သေမတတ်လွမ်းခဲ့ရတယ် .. ကိုယ့်ကိုကိုယ်တောင် သတ်သေဖို့ ကြိုးစားမိတဲ့အထိ ။

ဒါပေမယ့်လည်း .. ကြိုးစားပြီး ကိုယ့်စိတ်ကို နိုင်အောင် အားတင်းခဲ့ရသည် .. ပြီးတော့ နာကျင်နေတဲ့ နှလုံးသားတစ်စုံကို အနည်ထိုင်သွားအောင် သူအချိန်များစွာ ပေးဆပ်ခဲ့ရသည် ။

သို့ပေမယ့်လည်း သူရှိနေရာ ကိုးရီးယားမြေပေါ်ပြန်ရောက်လာတော့ တစ်မိုးအောက်ထဲ အတူရှိနေသည်ဟူသော အသိစိတ်တစ်ခုနှင့်ပင် ရင်ထဲနွေးထွေးရပြန်သည် ။

နိုင်ငံရပ်ခြားရောက်နေပေမယ့်လည်း သူ့သတင်းကို အမြဲတမ်း Appa ကနေတစ်ဆင့် စုံစမ်းနေခဲ့သည် ။ အခွေဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ကျောင်းကိုလည်း ကြိုးစားတက်နေသည်တဲ့ ..

မင်းကိုယ်မရှိပေမယ့်လည်း ကိုယ့်ဘ၀ကို အကောင်းဆုံးရပ်တည်နိုင်ခဲ့တာပဲ .. ကိုယ်ကတော့ မင်းမရှိဘဲ ရပ်တည်နိုင်အောင် သေမတတ် ကြိုးစားခဲ့ရတာ .. မင်းမျက်နှာလေးကို မြင်ခွင့်မရှိဘဲ .. မင်းအသံကို ကြားခွင့်မရှိဘဲ .. မင်းအပြုံးလေးကို ခံစားခွင့်မရှိဘဲ အသက်မဲ့စွာ ကိုယ်ရှင်သန်ခဲ့ရတာ ..

" Taxi .. "

Appa ကို မပြောဘဲ ရုတ်တရက်ပြန်လာခဲ့တာကြောင့် ကိုယ့်ဘာသာ Taxi ငှားကာ တစ်ချိန်ကနေခဲ့သော အမှတ်တရများစွာဖြင့် ပြည့်နေသော အိမ်သို့သာ မောင်းစေခဲ့သည် ။

Value Of Tear// Completed //Where stories live. Discover now