16) Value of His Question

5.2K 598 53
                                    

Ps .. ဒီအပိုင်းလေး မဖတ်ခင် အပိုင်း ၁၃ ကို တစ်ခေါက်လောက် ပြန်ဖတ်ပေးနိုင်မလားရှင့် .. ကြားထဲ အပိုင်းတွေ ခံသွားတော့ မမှတ်မိမှာစိုးလို့ပါ 😁😁😁

💙💙💙💙

ကျွန်တော့်အား နာကျင်စေသော သူ၏ လက်တစ်ဖက် ..
ကျွန်တော့်အား ဒူးထောက်စေနိုင်ခဲ့သော သူ၏ အကြည့်တစ်ချက် ..
ကျွန်တော့်အား မလိုလားစွာ မောင်းထုတ်ခဲ့သော သူ၏ နှုတ်ဖျားထက်မှ စကားတစ်ခွန်း ..
အရာအားလုံးအား ကျွန်တော်မြတ်နိုး တန်ဖိုးထားပါသည် ။

«°«°«°«°Value Of Tear»°»°»°»°

Baekhyun's pov ;

" ဘာလို့အခုထိ ပြန်မလာသေးတာပါလိမ့် ? "

တရွေ့ရွေ့ကုန်ဆုံးလာသော နာရီလက်တံများအား ရင်မောစွာ ကြည့်ရင်း တစ်ယောက်တည်း တီးတိုးရေရွတ်မိသည် ။

ကျွန်တော်နှင့် အတူတူ တဲတစ်ခုထဲတွင် အိပ်ရန်အတွက် Tao ထံမှ အတင်းဆွဲခေါ်လာပြီး အခုထိ သူကတော့ပေါ်မလာသေး ။

Trip ဖြစ်သည်မို့ အားလုံးလိုလို ဟိုတစ်စုဒီတစ်စုဖြင့် သောက်စားကာ ပျော်ပါးနေကြသော်လည်း ကျွန်တော်ကတော့ သူ့အား စောင့်ရင်း ခပ်ရေးရေးပေါ်နေသော လကွေးလေးကိုသာ အပျင်းပြေမော့ကြည့်နေမိတော့သည် ။

ဖုန်းဆက်တော့လည်း ပိတ်ထားသည်မို့ သူဘယ်သွားမှန်းလည်း မသိရ ။

" Baekhyun !! မီးပုံပွဲရှိတယ်လေ .. မလာသေးဘူးလား ? "

တဲအထဲထိုင်နေစဉ် အနားသို့ရောက်လာသော Tao ..

" chanyeol မလာသေးလို့ "

ဒူးထောင်ကာ ထိုင်နေသောကြောင့် ထိုဒူးပေါ်သို့ မျက်နှာကို စိတ်ပျက်စွာတင်လိုက်ရင်း Tao အား အကြောင်းပြမိသည် ။

" အာ .. Chanyeol sambae က အစောကြီးကတည်းက မီးပုံပွဲမှာ ရောက်နေပြီကို "

" အန် .. "

Tao ၏ စကားကြောင့် စိတ်ထဲ အနည်းငယ်တော့ စနိုးစနောင့်ဖြစ်မိသည် ။ အမှန်ဆို ကျွန်တော် စောင့်နေမည်ကို သူသိသင့်သည် မဟုတ်ပါလား ?

တစ်ခါတစ်ရံ သူ့ရဲ့နှလုံးသားအား ခွဲကာ ကြည့်ချင်မိပါရဲ့ .. နူးညံ့လိုက် မာကြောလိုက် .. ပျော့ပြောင်းလိုက် ခက်ထန်လိုက်ဖြင့် .. အပြောင်းအလဲမြန်လှသော သူ့အား နားလည်နိုင်အောင် အတော်ပင် ကြိုးစားရဦးမည် .. 

Value Of Tear// Completed //Where stories live. Discover now