5)Value of this accident

7.4K 695 24
                                    

Baek's pov ;

" Tao yah .. ငါ့ ဖုန်းတွေ့မိသေးလား ? "

ဖုန်းက ဘယ်နားပျောက်ကျန်ခဲ့မှန်းမသိ ။ မနေ့ကလည်း yeol နဲ့ ကလပ်မှာ ပြဿ.   နာတက်ပြီး အိမ်ကို ဘယ်လိုပုံစံနဲ့ ပြန်ရောက်လာမှန်းတောင် မသိတော့ ။

တစ်ယောက်တည်း ဘတ်စ်ကားစီးပြီး အတွေးလွန်နေတာကြောင့် ဖုန်းပျောက်မှန်းလဲမသိ ။

ဒီနေ့မှ ကျောင်းရောက်တော့ Tao ကို မေးရတော့သည် ။

" ဟင့်အင်း မတွေ့မိပါဘူး "

ဟူးးးးး

" ကျစ် !! ငါဘယ်မှာထားမိခဲ့လဲ မမှတ်မိတော့ဘူး "

ခေါင်းရှူပ်လာတာကြောင့် ဆံပင်တွေကိုဖွရင်း အလိုမကျစွာ ဆိုမိတော့ ..

" လွယ်လွယ်လေးကိုကွာ ငါ့ဖုန်းနဲ့ လှမ်းခေါ်ကြည့် .. ကောက်ရထားတဲ့ တစ်ယောက်ယောက်ကိုင်မှာပေါ့ကွာ !! "

Tao ကို သူ့ဖုန်းကို ထုတ်ပေးရင်း အကြံပေးတော့မှ အူကြောင်ကြောင်ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် ရှက်ရွံ့စွာပဲ Tao ကို သွားဖြီးပြလိုက်ပြီး ဖုန်းကိုယူကာ လှမ်းခေါ်လိုက်တော့သည် ။

သုံးလေးခါလောက် ဆက်တိုက်ခေါ်နေတာတောင် ဟိုဘက်က ဖုန်းမကိုင်တာကြောင့် စိတ်ပျက်စွာပဲ ဖုန်းချလိုက်တော့သည် ။

" မကိုင်ဘူးကွ !! "

" နောက်မှ တစ်ခေါက် ထပ်ဆက်ကြည့်ပေါ့ကွာ "

စကားပြောနေတုန်း ဆရာမ ၀င်လာတော့ စကားစပြတ်သွားလေရဲ့ ..

Ring .. Ring

" Tao ဖုန်းထပ်ပေးဦး !! "

ဘယ်လိုမှ စိတ်အလိုမကျတာကြောင့် Tao ဖုန်းကို ထပ်ယူပြီး ပြန်ဆက်တော့လည်း ဖုန်းမကိုင်ပြန် .. အင်းးး ပြန်မရနိုင်တော့ဘူး ထင်ပါ့

" ရလား ? "

Tao က မေးတော့ စိတ်ပျက်စွာ ခေါင်းပဲခါပြလိုက်တော့သည် ။

" နောက်ပြန်ဆက်ပေါ့ကွာ .. လောလောဆယ် ဗိုက်ဆာပြီ cantine သွားမယ် !! "

ပခုံးကို လှမ်းဖက်လိုက်ရင်း ရယ်မောကာ မဲဆွယ်နေတဲ့ Tao ကို ပြုံးရင်းခေါင်းငြိမ့်ပြလိုက်ပြီး ခြေလှမ်းတွေက cantine ဆီသို့ ..

Value Of Tear// Completed //Dove le storie prendono vita. Scoprilo ora