11) Value of Ours happiness

6.7K 638 60
                                    

ဘာမဟုတ်တဲ့ ဂရုစိုက်မှု သေးသေးလေးကတောင် ကျွန်တော့်နှလုံးသားကို ရိုက်ခတ်စေနိုင်ရင် .. သူ့ဘေးက ထွက်သွားဖို့ဆိုတာ ကျွန်တော့်အတွက် ဖြစ်နိုင်ပါ့မလား ..

⭐⭐⭐

Baek's pov ;

စာသင်ခန်း ပြတင်းပေါက်ဆီသို့ တိုးဝင်လာတဲ့ နေရောင်နွေးနွေးလေးနဲ့အတူ လေပြေအေးလေးကလည်း တစ်ပြိုက်နက် ကျွန်တော့်ခန္ဓာကိုယ်ပေါ် နူးညံ့စွာ သက်ရောက်လာသည် ။

အရှေ့က ဆရာ ဘာတွေသင်နေမှန်းတောင် မသိရအောင် ကျွန်တော်ဟာ ပြတင်းပေါက်ကနေ မြင်နေရတဲ့ ရူခင်းလှလှလေးထဲ မျောလွင့်နေမိလျက်သား ..

လေအတိုက်မှာ ကြွေကြသွားတဲ့ သစ်ရွက်လေးတွေကလည်း ကြည့်ကောင်းနေသလို ..

ထို့အတူ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ ကျောင်းဘောလုံးကွင်းထဲ သူငယ်ချင်းတွေနဲ့အတူ ဆောကစားနေသော သူ့၏ အပြုံးတွေကလည်း တောက်ပတဲ့ နေရောင်ခြည်အလား ..

သူ .. သူဆိုတာကတော့ ဘယ်သူများ ရှိဦးမလဲ ? ကျွန်တော် သိပ်ချစ်ရတဲ့ .. Park chanyeol ..

အဝေးက လှမ်းကြည့်နေပေမယ့်လည်း မောပန်းမှုကြောင့် သူ့နဖူးထက် နေရာယူနေတဲ့ ချွေးစက်လေးတွေကိုတောင် မြင်နိုင်သလို .. ပင်ပန်းစွာ ရှူရိုက်နေတဲ့ သူ့အသက်ရှူသံပြင်းပြင်းကိုတောင် ခံစားနေရသလို ..

ပါးချိုင့်ပေါ်သည်အထိ ရယ်မောနေတဲ့ သူ့အပြုံးတွေကိုမြင်ရုံနဲ့ ကျွန်တော် နှုတ်ခမ်းထက် အလိုလို အပြုံးတစ်ခု ပန်ဆင်ပြီးသား ..

ငါမထိတွေ့နိုင်တဲ့ ငါမပိုင်ဆိုင်နိုင်တဲ့ မင်းရဲ့ အသက်ရှူသံပြင်းပြင်းလေးကတောင် င့ါကို ပြုံးစေနိုင်တယ် ..

" Park baekhyun !! "

သူနဲ့ လက်ထပ်ထားတယ်ဆိုတာ တစ်ကျောင်းလုံး ပြန်နှံ့ပြီးသွားတဲ့နောက် ဆရာတွေက park baekhyun ဟုသာ ခေါ်ကြတော့သည်လေ ..

အရှေ့က ဆရာရဲ့ ဒေါသတကြီးအော်သံကြောင့် ကျွန်တော် သူ့ရဲ့ ပုံရိပ်ကို နှမြောတသစွာ မျက်နှာလွဲလိုက်ပြီး ဆရာ့ကို လှမ်းကြည့်လိုက်တော့သည် ။

Value Of Tear// Completed //Where stories live. Discover now