6)Value of his warmth

7.2K 701 14
                                    

Baek's pov ;

" နေ့ခင်းက baekhyun ကို အဲ့လိုလုပ်ခဲ့တာ ဘယ်သူလဲဆိုတာ မေးခွင့်ရှိမလား ? "

ကျွန်တော့်အိမ်အထိ ပြန်လိုက်ပို့ပေးပါ့မယ်ဆိုကာ ကျွန်တော့်နောက် လိုက်လာသော Oh Sehun နဲ့အတူ လေအေးအေးနဲ့ လမ်းလျှောက်လာတုန်း အားနာဟန်ဖြင့် မေးလာသောအခါ ကျွန်တော် ဘယ်လိုဖြေသင့်သည်ကို ခဏတာ တွေဝေမိသည် ။

အခုမှ ရင်းနှီးတဲ့ လူတစ်ယောက်ကို သူနဲ့ပတ်သက်သော အရာအားလုံးကို တစ်ခုမကျန် ဖွင့်ဟလို့ အဆင်ပြေပါ့မလား ?

ကျွန်တော်ကိုယ်တိုင်တောင် စိတ်ညစ်လွန်းတဲ့ အကြောင်းအရာတစ်ခုကို အသေးစိတ် ရှင်းပြလို့ သူလည်း စိတ်ညစ်သွားနိုင်မလား ?

" ဟို .. Baekhyun အဆင်မပြေရင် အတင်းအကြပ် မပြောလို့ ဖြစ်ပါတယ် "

သူက ကျွန်တော် တွေဝေနေသည်ကို ရိပ်မိသည့်ပုံ ။ ကျွန်တော့်အား ၀န်မလေးစေလိုဟန်ဖြင့် အားနာစွာ တားမြစ်လေသည် ။

" စိတ်ညစ်ရမယ် ထင်တယ် .. အဆင်ပြေရဲ့လား ? "

လမ်းလျှောက်နေရာက သူ့အား လှည့်ကြည့်လိုက်ရင်း ဖျော့တော့စွာ ပြုံးကာ မေးတော့ ..

" ရပါတယ် .. မင်းရဲ့ စိတ်ညစ်စရာတွေကို ဝေမျှခံစားပေးလို့ ရတာပေါ့ "

အခုမှ စတွေ့တဲ့ လူတစ်ယောက်ကို အလိုက်အထိုက် စိတ်အနှောင့်အယှက် မဖြစ်အောင် ပြောတတ်တဲ့ သူ့ကို စိတ်ထဲမှ ချီးကျူးလိုက်မိသည် ။

" ဘယ်က စပြောရမလဲ ? အင်းးး Park chanyeol ဆိုတာ ငါရဲ့ တရားဝင်လက်ထပ်ထားတဲ့ ယောက်ျား "

စကားအဆုံး သူကတော့ အံဩသွားတယ်ထင်ရဲ့ ..

" လက်ထပ်ထားတာ "

" အင်း .. ကျောင်းတစ်ကျောင်းလုံး ဒီကိစ္စကို မသိတဲ့လူ မရှိသလောက်ပဲ .. Sehun က မသိဘူးထင်တယ် "

ခေါင်းကုတ်ရင်း ရှက်ရွံစွာ ဆိုတော့ သူက ခေါင်းကို ဖြေးဖြေးချင်း ခါးယမ်းကာ ..

" မသိဘူး .. ကျွန်တော်က ကျောင်းပြောင်းလာတာ မကြာသေးတော့ .. ဒီတိုင်း သူကမင်းကို အနှောင့်အယှက် ပေးနေတယ် ထင်တာ "

Value Of Tear// Completed //Where stories live. Discover now