12) Value Of His Existence

6.2K 567 34
                                    

Ps .. ဒီအပိုင်းလေးမစခင် တစ်ခုလောက် ပြောပြချင်ပါတယ်ရှင့် .. ဒီဇာတ်လမ်းထဲမှာ sehun ဟာ ဗီလိန်လုံးဝမဟုတ်ပါဘူး .. ။ သူဟာ သူတန်ဖိုးထားတဲ့အရာတစ်ခုကို ပိုင်ဆိုင်လိုစိတ်ပဲ ရှိခဲ့တာပါ ။ နောက်ပိုင်းတွေမှာ sehun ရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးပါလာမှာပါ ။ sehun ရဲ့ ဇာတ်ကောင်ဟာ baekhyun နဲ့ chanyeol လိုပဲ အဓိကနေရာမှာ ရှိပါတယ် .. အဲ့ဒါကြောင့် sehun ကို ဗီလိန်လို့မတွေးဘဲ သူ့ချစ်သူကို သိပ်ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်အဖြစ်နဲ့ပဲ တွေးပေးပါလို့ .. ကျွန်မ လေရှည်မိပြီထင်ရဲ့ .. Let start !!

~•~•~•~•~
ဒဏ်ရာဒဏ်ချက်များစွာကြောင့် နလံမထူနိုင်လောက်အောင် ပင်ပန်းနေတဲ့ နှလုံးသားလေးဟာ အံဩစရာကောင်းစွာ ချစ်ရသူနဲ့ အပြုံးတစ်ပွင့်နဲ့အတူ ...

*-*-*-*-*

Baek's pov ;

" ဟေ့ကောင် မင်း ခရီးကို လိုက်မှာမဟုတ်လား ? "

ခရီး !! ဟုတ်တယ် ။ ကျွန်တော်တို့ ကျောင်းသားဘ၀ရဲ့ အပျော်ရွှင်ရဆုံး အချိန်လေးဆိုပါတော့ .. အားလပ်ရက် ဖြစ်တဲ့ တစ်ပတ်ဆိုတဲ့ အချိန်အတောအတွင်း စီနီယာကျောင်းသား ကျောင်းသူတွေက ဦးဆောင်ကာ ခရီးထွက်လေ့ရှိသည်လေ .. ။

ဘေးနားက Tao ရဲ့ အမေးကြောင့် ကျွန်တော်ခေါင်းထဲ ထွေဝေမှုများ ခဏတာဖြစ်သွားရသည် ။

" မသေချာသေးပါဘူးကွာ "

အထက်တန်း ဒုတိယနှစ်သာ ရောက်လာပေမယ့် အဲ့လိုခရီးထွက်တိုင်း ကျွန်တော် လိုက်ခွင့်မရခဲ့ .. ပိုက်ဆံအခြေအနေကြောင့်လည်း ပါသည် ။ အတူနေရသော အဒေါ့်မှာလည်း မိသားစုရှိသေးသည်မို့ ဒုက္ခမပေးလို .. အခုတော့ ထောက်ပံ့ပေးနေတဲ့ Yixing Appa ရှိနေပြီဆိုပေမယ့်လည်း လက်ဖြန့်ပြီး တောင်းလိုစိတ်မရှိ ..

" မင်းကလည်း တစ်ခါမှမလိုက်ဘူး .. အထီးကျန်တယ် တစ်ကယ်ပဲ "

နှုတ်ခမ်းဆူကာ ကလေးလို စိတ်ကောက်ပြနေသော Tao ကြောင့် ခပ်ဟဟ ရယ်မောလိုက်မိသည် ။

ဝန်ကြီးတစ်ယောက်ရဲ့ သားဆိုသည့် အရှိန်ကြောင့် တော်ရုံလူများက မာနကြီးလိမ့်မည်ဟု ထင်ကြသော်လည်း ဒီလိုအချိန်မျိုးဆို Tao ဟာ သိပ်ကို ကလေးဆန်တတ်သည်လေ .. ။

Value Of Tear// Completed //Onde histórias criam vida. Descubra agora