13) Value of His Kiss

6.3K 598 80
                                    

မင်းကို နာကျင်အောင်လုပ်တဲ့လူဟာ ငါပဲဖြစ်သလို .. မင်းရဲ့ မျက်ရည်တွေကို သုတ်ပေးခွင့်ရမယ့်လူဟာလည်း ငါတစ်ယောက်တည်းပဲ ဖြစ်စေရမယ် .. ။

•~•~•~•~

Yeol's pov ;

" ဒုတ် "

ဖုန်းကို သည်းကြီးမဲကြီးကြည့်ကာ ပတ်ဝန်းကျင်ကိုတောင် မေ့လျော့ထားပြီး ဂိမ်းဆော့နေတဲ့ကျွန်တော် .. ဘေးနားက ဒုတ်ဆိုတဲ့ အသံနဲ့အတူ လက်ရှိအချိန်ကို ပြန်ရောက်လာတော့တယ် .. ။

ပါးစပ်ကို အတန်ငယ်ပွင့်ဟကာ အိပ်ပျော်နေတဲ့ ကာလနဂါးကတော့ မှန်ပြတင်းပေါက်နဲ့ ခေါင်းနဲ့ မိတ်ဆက်သွားတာတောင် နည်းနည်းလေးမှ နာပုံမရ .. ။

Byun baekhyun ဒီလောက်အိပ်ပုတ်မှန်း အရင်ကမသိခဲ့ .. ။အင်းးးးးး အိပ်နေတဲ့ ပုံစံလေးက ချစ်စရာတော့အကောင်းသား ။

ကားပေါ်တက်တက်ခြင်း  Dahae က သူ့ဘေးလာထိုင်ဖို့ခေါ်နေတာတောင် မထိုင်ဘဲ ဒီ byun baekhyun ဘေးမှာပဲ ထိုင်ချင်နေတဲ့ ကိုယ့်စိတ်ကိုလည်း အံဩမိပါရဲ့ ..

ထပ်ပြီးတိုက်မိရင် ဒီကောင်လေးနိုးသွားမှာ စိုးရိမ်တာကြောင့် သူ့ခေါင်းကို အသာထိန်းကာ ကျွန်တော့်ပခုံးပေါ်နေရာချပေးလိုက်တော့ အတော်လေးအဆင်ပြေသွားလေရဲ့ .. ။

မင်းနိုးထနေတဲ့အချိန်မှာ မင်းကိုနာကျင်အောင်လုပ်ခဲ့မိတာတွေအတွက် မင်းအိပ်ပျော်နေတဲ့ အချိန်လေးမှာတော့ နာကျင်မှုတွေ မင်းအပေါ်မကျရောက်လာအောင် တတ်နိုင်သမျှ ကာကွယ်ပေးပါရစေလေ .. ။

" အွန်းးးး "

အသံတိုးတိုးလေးထွက်လာတာကြောင့် နိုးသွားပြီလားဟု တွေးမိပေမယ့် နိုးမလာခဲ့ .. အနည်းငယ်ရွေ့လျားသွားသော သူ့ရဲ့ပုံစံကြောင့် သူအသက်ရှူလိုက်တိုင်း ထွက်လာတဲ့ လေငွေ့နွေးနွေးက ကျွန်တော့်လည်ပင်းကို အသာရိုက်ခတ်လာလေရဲ့ .. ။

ဘေးစောင်းကြည့်လိုက်တော့ အနီးကပ်မြင်နေရတဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ ပါးဖောင်းဖောင်းလေးကြောင့် ရင်ဘတ်ထဲရှိ အကောင်သေးသေးလေးက မကောင်းစိတ်ကို နှိုးဆွပေးသည့်အလား ခုန်ပေါက်လို့ .. ။

Value Of Tear// Completed //Where stories live. Discover now