20) Value Of His Speech

5.1K 561 107
                                    

ကိုယ့်ရဲ့ ပျော်ရွှင်မှုထက်
တစ်စုံတစ်ယောက်ရဲ့ ပျော်ရွှင်မှုက
ပိုအရေးကြီးတယ်လို့ ခံစားမိရင် .. သေချာတယ်
အဲ့ဒါ အချစ်ပဲ ။

~•~•~•~•~•

Park Chanyeol's pov;

ကိုယ့်နားကိုပိတ်ကာဖြင့် လူတိုင်းကို အနားကပ်မခံပဲ ရုန်းရင်းဆန်ခတ်ဖြင့် အော်နေသော baek ကို ဆရာဝန်များက ချုပ်ကာ အိပ်ဆေးထိုးပေးလိုက်တော့မှ ငြိမ်သက်သွားပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားလေရဲ့ ..

ကိုယ် ဘာဆက်လုပ်ရမှာလဲ baek ရယ် ..

အပြစ်တွေကို ၀န်ခံပြီး မင်းရှေ့ဒူးထောက်ရင်း မင်းရဲ့ခွင့်လွတ်မှုကို တောင်းဆိုချင်ပေမယ့် မင်းနိုးထလာခဲ့တဲ့ ပုံစံက မထင်မှတ်ထားရလောက်အောင် ကိုယ့်ကို လမ်းကြောင်းပျောက်စေတယ် ..

ကိုယ်လေ မင်းနိုးထလာဖို့ အရူးတစ်ယောက်လို တဖွဖွတောင်းဆိုခဲ့ပေမယ့် .. ဒီလိုပုံစံမျိုးနဲ့ နိုးထစေချင်ခဲ့တာမှ မဟုတ်ပဲကွာ ..

" လူနာရှင်နဲ့ ခဏလောက် စကားပြောချင်လို့ပါတဲ့ "

အိပ်မောကျနေသော baek နံဘေးထိုင်ကာ ဖြူ ဖျော့နေသော မျက်နှာလေးကို စိတ်မကောင်းစွာ ကြည့်နေမိစဉ် အနားသို့ရောက်လာသော သူနာပြုဆရာလေးစကားကြောင့် ..

" ဟို .. Baek ကို ခဏလောက် အပ်ထားခဲ့ပါရစေနော် "

" ဟုတ်ကဲ့ စိတ်ချသွားပါ "

တစ်ယောက်တည်း ထားခဲ့ရန် စိတ်မချသည်မို့ သူနာပြုဆရာမလေးကို ခဏအပ်ခဲ့ပြီး ဆရာဝန်ကြီးအခန်းသို့ ထွက်လာခဲ့လိုက်သည် ။

" ဪ .. Park Chanyeol shi ရောက်လာပြီပဲ "

" ဟုတ်ကဲ့ "

ကျွန်တော့်ခြေသံကြောင့် စာရွက်စာတမ်းတွေကို ကြည့်ရှူနေရာမှ ခဏရပ်လိုက်ပြီး ကျွန်တော့်အား နှုတ်ဆက်လေသည် ။ ဆေးစာရွက်ပေါ်မှ Park Baekhyun ဟူသော နာမည်ကို တွေ့လိုက်ရတာကြောင့် စိတ်ပူပန်မိတာအမှန် ..

တုန်ရီနေသော လက်ကို စားပွဲအောက်တွင် ထားရင်း ကိုယ့်လက်ကို ပြန်ဆုပ်ကိုင်ထားမိသည် ။

Value Of Tear// Completed //Where stories live. Discover now