18)Value of His heartbeat

5.3K 606 110
                                    

တောင်းပန်ပါတယ် .. ဒီထက်ပိုပြီး မနှိပ်စက်ချင်ပါနဲ့တော့လား ?
ကြာရင် ငါ့ဘ၀တစ်ခုလုံး မင်းကြောင့် စုတ်ပြတ်သတ်သွားတော့မှာ .. ။

💜💜💜

Chanyeol's pov ;

ထွက်သွားပေးဖို့ တစ်ချိန်က တောင်းဆိုခဲ့ဖူးတယ် .. အရာအားလုံး မှားယွင်းသွားမှန်း သိတဲ့အချိန်မှာ .. 

မထွက်သွားပါနဲ့လို့ တောင်းဆိုခွင့် အလျင်းမရှိခဲ့ပါပဲ .. မင်းကို အခြားလူတစ်ယောက်လက်ထဲ ကိုယ်တိုင်ထည့်ပေးခဲ့ရတယ် ..

ဒါပေမယ့် ဒီလိုထွက်သွားဖို့ မင်းကို လက်လွတ်ပေးခဲ့တာမှ မဟုတ်ပဲလေ .. မင်းပျော်ရွှင်တာကို မြင်ချင်လို့ ငါသေလောက်အောင် ခံစားပြီး လွတ်မြောက်စေခဲ့တာကို အဲ့ဒါနဲ့ တန်အောင်တော့ မင်းရယ်မောနေသင့်တယ် မဟုတ်လား ။

မင်းကို အနားမှာ ထားခွင့်မရရင်တောင် မျှော်ကြည့်နေခွင့်လေးတော့ ပေးသင့်တယ်လေကွာ .. အဲ့လောက်အထိတော့ မရက်စက်သင့်ဘူးလေ .. ။

" Baekhyun nah !! Byun baekhyun !!! "

တစ်စီစီအော်မြည်နေတဲ့ ပိုးကောင်လေးတွေရဲ့ အသံတွေကသာ ညအမှောင် တောနက်ထဲ ဆူညံနေပြီး .. တစ်ချက်တစ်ချက် ခွေးအူသံကဲ့သို့ အသံစူးစူးကိုလည်း ကြားရသေးသည် ။

ဓာတ်မီး တစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တောနက်ထဲ သူ့နာမည်ကို တကြော်ကြော်အော်ခေါ်နေသော်ငြား အာရုံစူးစိုက် နားထောင်နေပေမယ့် ပြန်ထူးသံ သဲ့သဲ့ပင်မကြားရသေး ။

" Yah !! Baekhyun !! ပြန်ထူးလေကွာ !! "

နံဘေးမှာ ပါလာတဲ့ Tao လည်း ငိုသံဖြင့် အော်ဟစ်နေလေရဲ့ ..

" မင်း ဟိုဘက်အခြမ်းရှာ .. ငါ ဒီဖက်အခြမ်းကို ရှာလိုက်မယ် "

ကျွန်တော့်နည်းတူ စိတ်ပူနေဟန်တူသော sehun က လူခွဲရှာရန် အကြံဥာဏ်ပေးသည်ကို မငြင်းတော့ဘဲ ခေါင်းငြိမ့်ကာ ကျွန်တော်နဲ့ Tao က တစ်ဖွဲ့ .. Sehun နဲ့ Woo Min sanbae က တစ်ဖွဲ့ နှစ်ဖွဲ့ခွဲကာ ရှာရတော့သည် ။

Value Of Tear// Completed //Where stories live. Discover now