14) Value Of His Pain

5.4K 563 42
                                    

ကျွန်တော့်ရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ပိုင်စိုးသူ ..

ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းနဲ့ ငိုကြွေးခြင်းကို ပုံဖော်သူ ..

ကျွန်တော့်ရဲ့ ပစ္စုပန်နဲ့ အနာဂတ်ကို ဆေးရေးခြယ်သူ ..

ကျွန်တော့်ရဲ့ အပြုံးနဲ့ မျက်ရည်ကို ဖန်ဆင်းပေးသူ ..

သူသည်သာ .. ကျွန်တော့်ဘ၀ကို .. ။

🔥🔥

Baek's pov ;

တစ်ယောက်တည်း Tent ထိုးနေသည်ကို နည်းနည်းလေးတောင် အကူအညီမပေးဘဲ ခုံပေါ်မှာ ဘုရင်ကြီးလို အခန့်သားထိုင်နေသော သူ့အား မကျေမနပ် ပွစိပွစိရေရွတ်နေမိသည် ။

ဘာမှမသက်ဆိုင်ပဲ အလိုအလျောက် ခေါင်းထဲရောက်လာသော အတွေးက ..

ဘာလို့များ sehun ကို အဖွဲ့ထဲ သွင်းခဲ့ပါလဲ ?

သူနဲ့ Sehun အကြား ဘယ်လို ပြဿ.   နာတွေ ရှိသေးလဲဆိုတာကို ကျွန်တော်သေချာမသိသော်ငြား တစ်ယောက်နဲ့ တစ်ယောက် အကြည့်များကို လေ့လာရုံနဲ့ ကောင်းသော ပတ်သက်မှုမဟုတ်သည်ကိုတော့ ခန့်မှန်းမိသည် ။

ကျွန်တော့်ကြောင့်များလားလို့ တွေးရအောင်လည်း အဲ့တာက လုံးဝမဖြစ်နိုင် ။ chanyeol ကလည်း ကျွန်တော့်အတွက် တစ်ခြားတစ်ယောက်နဲ့ အဆင်မပြေစရာ အကြောင်းမရှိသလို .. Sehun သည်လည်း သူငယ်ချင်းဖြစ်သော ကျွန်တော့်အတွက်ဖြင့် chanyeol အား ရန်စမည်မဟုတ် ။

အင်းးးးး မေးကြည့်ဦးမှပါ ။

" ဟို .. တစ်ခုလောက်မေးလို့ရမလား ? "

Tent ထိုးပြီးသွားတော့ အထုတ်အပိုးတွေကို နေရာချနေတုန်း မ၀ံ့မရဲဖြင့် သူ့အား မေးခွန်းထုတ်မိသည် ။

" ဘာလဲ ? "

အသံကတော့ ခပ်မာမာဖြင့် .. ဆက်မေးလို့ ဖြစ်ပါမလား ? ဟူးး စပြီးပြီဆိုတော့လည်း မေးရုံပေါ့ ။

" ဘာလို့ .. sehun ကို ငါတို့အဖွဲ့ထဲ ထည့်လိုက်တာလဲ ? "

မေးပြီးမှ မှားပြီလားဟု တွေးကာပူပန်နေမိသည် ။ သေသပ်စွာ တွန့်ချိုးသွားသော မျက်ခုံးများကို ကြည့်ရုံဖြင့် သူဒေါသထွက်နေသည်ဆိုတာ သိလိုက်ပြီမို့ အနည်းငယ်တော့ ထိတ်လန့်မိသည် ။

Value Of Tear// Completed //Where stories live. Discover now