အပိုင်း (၁)

13.2K 601 11
                                    

အချစ်တစ်ခုက ယောင်္ကျားလေးတစ်ယောက်
နဲ့ မိန်းကလေးတစ်ယောက်ကြားများမှဖြစ်တည်
ခွင့်ရသလား ။

ယောင်္ကျားလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ 
ကျွန်တော်က မိန်းကလေးတစ်ယောက်ဖြစ်နေ
မှလား။

ပြီးပြည့်စုံတဲ့ အချစ်ဟာ မိန်းကလေးနဲ့  ယောင်္ကျားလေးနှစ်ယောက်ကြားများမှဖြစ်တည်
မလား ။

ကျွန်တော်ဟာ ဒီလိုဝေခွဲရခက်တဲ့မေးခွန်းတွေ
ကြား ယောင်လည်လည်ဖြစ်နေသူတစ်
ယောက်ပါ ။

ဘယ်လိုလုပ်သင့်လဲ။

ကျွန်တော် ဘယ်လိုတွေးတောသင့်လဲ။

× × × × × ×
အပိုင်း(၁)

အမွာနှစ်ယောက် ။
မိခင်တစ်ယောက်ထဲက မွေးထုတ်ခဲ့တဲ့ မောင်
နှမနှစ်ယောက် ။

ဂင်ဆိုဟီး ×

ဆိုဟီးက ကျွန်တော့်ရဲ့အမွှာညီမလေး ။
၅မိနစ်နောက်ကျပြီးမှ လူ့လောကထဲကိုရောက်
လာခဲ့သည်လို့ပြောရမည်ပေါ့ ။
ကျွန်တော့်နာမည် ဂင်မင်ဆော့ ။ ကျွန်တော်တို့
နှစ်ယောက်က မောင်နှမတွေဖြစ်နေပေမဲ့
ကွာခြားချက်တွေက တစ်ပုံကြီးပင် ။
ပထမဆုံး စပြောရမည်ဆိုရင် ××
မျက်မှန်ထူထူဝိုင်းဝိုင်းက စပြောရလိမ့်မည်။
ရွှေအိုရောင်ဆံပင်နှင့် မျက်နှာထက်မိတ်ကပ်
အဖွေးသားနဲ့  သွက်သွက်လပ်လပ်ရှိတဲ့ဆိုဟီး။
ကျွန်တော်ကတော့ မျက်နှာဖုံးလုနီးပါးဖြစ်နေတဲ့
ဘုတ်သိုက်ဆံပင်ကေနဲ့ မျက်မှန်ထူထူဝိုင်းဝိုင်း
အောက် မျက်လုံးတွေကိုဖွက်ထားတတ်သူ။

အဖြစ်အပျက်တွေက ဆိုဟီးကြောင့်စတင်ခဲ့ရ
သည် သူတို့ နှစ်ယောက်နဲ့တွေ့ ဆုံခဲ့ရ သည် ။

သူတို့ နှစ်ယောက် ။
ဟုတ်တယ် ။ကျွန်တော် ယောင်္ကျားလေးနှစ်
ယောက်နဲ့ ဆုံ တွေ့ ခဲ့ရသည် ။ခပ်ချောချော
စမတ်ကျကျ ယောင်္ကျား လေးနှစ်ယောက် ။

- * * * *

"Ya!မင်ဆော့ "

အခန်းထဲ တံခါးခေါက်လေ့ခေါက်ထမရှိဘဲဝင်
လာတတ်တာကို ခွင့်ပြုနိုင်ပေမဲ့ အခုလို ရုတ်တ
ရတ်ကြီး ကျောပြင်ကို လာထလိုက်တာကိုတော့
မင်ဆော့ ခွင့်မပြုနိုင် ။

She is Boy !Where stories live. Discover now