အင့်ဟာ~~~ ဖြန်း ~~ဖြန်းဘာကြီး~~ ချစ်တယ် လုဟန်တဲ့။ ကောင်းရော။
အေးရော ~~ အရူးထပြီး ညက ငိုကြီးချက်မနဲ့
သွားပြောမိလိုက်တာ ။ ပြောပီးမှ လန့်ပြီးဖုန်းချပစ်
မိလိုက်တယ်။ လုဟန်ဘက်က ဖုန်းတွေ မနည်း
မနော ပြန်ခေါ်ထားတာ ။အား~~~ တွေးရင်းလဲ ပစ်လဲသေချင်သွားပီ။
"မှန်းစမ်း~~ မင်ဆော့ နင့်မျက်လုံးတွေဖောင်း
အစ်နေတာပဲ~~ ငိုထားတာလား အဟင်း
နင် ဇာတ်လမ်းတွဲတွေညလုံးပေါက်ကြည့်ပြီး
ငိုထားပြန်ပြီ နင်ကတော့လေ~"သူထင်ရာ ရမ်းသမ်းပြောပြီး လက်ခုပ်လက်ဝါး
တီးပြီး ရယ်နေတဲ့ ဆိုဟီးကို အပြိုင်ပြန်ပြော
ချင်တဲ့စိတ်လဲမရှိသေးတာမို့ မနက်စာအတွက်
ပေါင်မုန့်တချပ်ဘဲ ဆွဲယူလာလိုက်တယ် ။အရသာမရှိတာ ဒီပေါင်မုန့်ကြီးက~~!
အမြင်ကတ်တယ် ဂင်ဆိုဟီး~!
ဟာ~~ ဒီကလစ်ကတော့ ဆံပင်တွေ
လိုက်ညှိနေတယ်~~~
တွေ့ကရာ အကုန်အပြစ်ပုံချပြီး သက်ပြင်း
အခါပေါင်းမနည်း ချမိနေသည်က များပြီ။
ကျောင်းဝန်းထဲ ခြေချဖို့ တုန့်ဆုံနေမိပြန်ပြီ။ဒီမိန်းကလေးဝတ်စုံကို ဝတ်ရတာသဘောကျလာပြီ။
ဒီကျောင်းကြီးမှာ တက်ရတာသဘောကျလာပြီ။အပိုးမကျိုးတဲ့ မိန်းကလေးအင်္ကျီကို အနည်းငယ်
စသဘောကျမိလာချိန်~~~~ဒူးဆစ်နားထိပင် မရောက်တရောက်ဖစ်နေတဲ့
စကတ်တိုတိုတွေကို စိတ်တိုင်းမကျချိန် နည်းပါး
လာသည်~~~အရောင်စုံတဲ့ ဖဲပြားတွေရှုပ်နေတဲ့ ကလစ်လေးတွေ
ကို အမြင်ကြည်လာချိန်~~~ချစ်စရာကောင်းနေတဲ့ ကျောပိုးအိတ်ပြာပြာလေးက
အသည်းစွဲဖစ်လာချိန်~~~"မင်း"ဆိုတဲ့ အသုံးအနှုန်းထက် "နင်"ဆိုတဲ့
အသုံးအနှုန်းက ပြောရတာ အဆင်ပြေပေါ့ပါး
လာချိန်~~~~