"ဒီအိမ်ပဲ "
အိမ်ခြံဝန်းရှေ့ မီရာ မတ်တပ်ရပ်ကာ အိမ်ထဲ
အကဲခတ်ကြည့်နေမိသည်။
ပြောထားတဲ့ အတိုင်းဆို ဒီအိမ်က ဂင်မင်ဆော့
အိမ်ပဲ ။ ဒီအတိုင်း လှည့်ပြန်သွားရမလား ဒါမှမဟုတ်
အိမ်ထဲဝင်သွားရမလား။တိတ်ဆိတ်နေတဲ့ အိမ်ဝန်းထဲ သူမ အချိန်အတော်
ကြာထိ စောင့်ကြည့်နေပေမဲ့ အရိပ်အယောင်
တစ်ခုတလေမှ မတွေ့ရတာမို့ မကျေနပ်ပေမဲ့
ကျောခိုင်းလိုက်သည်။"သေချာပေါက်...ဒီအိမ်ပါ "
ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဆိုဟီး သူငယ်ချင်းလား "
အနောက်က အသံကြောင့်လှည့်ကြည့်မိတော့
အမျိုးသမီးကြီးတဦး ။"ဟုတ်ကဲ့"
ရောယောင်ကာ ဖြေလိုက်တော့ သည်အမျိုးသမီးကြီးက
အိမ်ဘက် တချက်လှည့်ကြည့်ပြီး ပြုံးကာ"ဆိုဟီးက အိပ်ယာကတောင်ထသေးရဲ့လား
မသိဘူး သမီးရဲ့...အိမ်ထဲဝင်ခေါ်ပါလား
အန်တီက သွားစရာရှိလို့"ဆိုဟီးသူငယ်ချင်းလို့ ထင်သွားသည့် အကြောင်းရင်း
က ကျောင်းဝတ်စုံတူနေတာကြောင့် ဖြစ်လိမ့်မယ်
ဆိုတာ မီရာ သိလိုက်သည်။"ဒါ..ဒါနဲ့ မင်ဆော့ရော နိုးပြီလား "
သည်စကားကြောင့် ဆိုဟီးရဲ့ommaဖြစ်သူ
အဒေါ်ကြီးက အံ့ သြ သွားဟန်နှင့် ။"မင်ဆော့နဲ့ရောသိတာလား.."
"ရှင်...ဟုတ် "
မီရာစကားကို အဒေါ်ကြီးက ဘာကိုနားလည်သွား
လဲမသိပေမဲ့ ပြုံးသွားသည် ။"သြော်...သားက ဒီအချိန်အိပ်ရာနိုးဦးမှာမဟုတ်ဘူး
သူတို့မောင်နှမ နှစ်ယောက်စလုံးက အိပ်ပုတ်ကြီး
တယ် သမီးရေ ""သား" မီရာ မျက်ခုံးနှစ်ဖက် မြင့်တက်သွားရသည်။
ဒီအဒေါ်ကြီး ပါးစပ်က သားလို့ ပြောလိုက်တာလား။