ရယ်သံ လက်ခုပ်လက်ဝါးတီးသံတွေနဲ့ဆူညံနေ
တဲ့ အခန်းက မီရာကြောင့် မီးကိုရေနဲ့ပတ်ဖြန်းလိုက်
သလို .~~~မီရာ ပြုံးသည်~~~
မင်ဆော့ မျက်ခုံးတွေကို တွန့်ချိုးထားမိသည်~~
တမျိုးကြီး~~ ခံစားရခက်တဲ့အဖြေမျိုးရောက်လာ
လိမ့်မယ်လို့ ~ ဦးနှောက်က သတင်းပို့နေသလို"သူက~~~"
မီရာရဲ့ သံရှည်ကို အားလုံးက စိတ်လှုပ်ရှားဖို့
ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်နားထောင်နေသလို~"အား~~~ ငါ့ဗိုက်~~အား~~ အောင့်တယ်"
ဆယ်ဟွန်းရဲ့ အသံနက်က ဟိန်းထွက်ကာ
အားလုံးကို မျက်လုံးပြူးအောင် ဖြစ်သွားခဲ့သည်။
ဗိုက်ကိုဖိကာ ရှုံ့တွနေတဲ့မျက်နှာပုံစံနှင့်ဆယ်ဟွန်းက
အများအမြင်မှာအတော် စိုးရိမ်စရာ။"ဘာဖစ်တာလဲ?"
"ကျောင်းဆေးခန်း~~~ ကျောင်းဆေးခန်း"
"ဆရာသွားခေါ်"
တယောက်တပေါက်အသံတွေနဲ့ ဆယ်ဟွန်းအနား
ကျောင်းသားလူစုံဝိုင်းအုံလာကြတော့သည်။"ဆယ်ဟွန်း~~ဗိုက်အရမ်းအောင့်တာလား
ဟမ်~~ အရမ်းလား"ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖစ်နေတဲ့ မင်ဆော့~
ဆယ်ဟွန်းလက်မောင်းကို အသာကိုင်ကာ
ပါးစပ်ကလဲ တတွတ်တွတ်~~
ဆယ်ဟွန်းကတော့ 'အောင့်တယ်'တခွန်းထဲကိုပဲ
ထပ်တလဲလဲအော်ဟစ်နေတော့သည်~~"လာ~~ ကျောင်းဆေးခန်းသွားရအောင်"
အတန်းခေါင်းဆောင်ဦးဆောင်မှုနဲ့ ကျောင်းသား
သုံးယောက် ဆယ်ဟွန်းကိုတွဲရင်း ကျောင်းဆေးခန်း
ကိုသွားကြတာမို့ မင်ဆော့အနောက်ကနေ
လိုက်သွားလိုက်ရသည်။"အတန်းထဲပြန်တော့~ "
လက်ကိုလာဆွဲတဲ့ လုဟန်~~
"လုဟန်~~ ငါ ငါ့ကြောင့်ထင်တယ်
သူ ငါ့ကိုလိုက်ရှာနေရတာ ကျောင်းတစ်ပတ်ပဲတဲ့"