အပိုင်း(၈)

3.9K 374 5
                                    


"She is Boy"

"​နေဦး . .ခဏ"

ခေါ်သံရဲ့​နောက်​ ကျွန်​​တော့်​​ကျောပြင်​တုန်​ခါသွား
လေသလားမ​ပြောတတ်​ ။  နားထင်​ထိပင်​ တုန်​ခါ
နှုန်း​တွေကတက်​​ဆောင့်​သွား​လေသလား ခံစားရ
သည်​ ။ အပြစ်​လုပ်​ထားသူမို့ မလုံမခြုံစိတ်​​တွေက
ခံရခက်​လှသည်​ ။ သိများသွားသလား ရင်​ထိတ်​စွာ
နဲ့ မှန်းဆ​နေချိန်​ သူမကကျွန်​​တော့်​​ရှေ့ကို သိချင်​သူ
ပီပီ ​ရောက်​ရှိလာ​ချေပီ ။

"မဟုတ်​မှ. .မင်​​ဆော့အကိုလား "

"​ဗျာ "

လူ​ကောင်းကိုနတ်​​ကောင်းမ​လေးသလား မသိ ။
တလွဲ​တမြင်​ ​တွေးတတ်​တဲ့ မီရာရဲ့ဦး​နှောက်​ကို
ထိုင်​ကန်​​တော့ချင်​​တွေကတဖွားဖွား ။ တခဏတာ
အချိန်​​လေးအတွင်းမှာ ​အောင့်​ထားတဲ့အသက်​​တွေ
ကို ပြန်​ရှူဖို့သတိရလာ​တော့သည်​ ။ တုန်​ရီစပြုသွား
တဲ့ လက်​​တွေတည်​ငြိမ်​လာသလို သက်​ပြင်း​ရှည်
ကြီးချပစ်​ချင်​မိသွားသည်​ ။

"Arr .ဟုတ်​ .မင်​​ဆော့ကိုသိလို့လား"

သရုပ်​​ဆောင်​​ကောင်းလွန်းတဲ့ကိုယ့်​ကိုကိုယ်
ဆု​တွေတသီကြီး​ပေးပစ်​ချင်​သွားသည်​ ။

တယ်​​တော်​တဲ့ငါ ပါလား ။

"သိတာ​ပေါ့ မင်​​ဆော့ရဲ့အတန်း​ဖော်​​လေ"

ကျွန်​​တော်​စိတ်​ထဲမှာ ပြုံးမိ​နေသည်​က အပြင်​ထွက်
သွားသလား​တော့ မသိ ။ မီရာက တကယ်​ပဲခင်​ဖို့
ကောင်းတဲ့ သူငယ်​ချင်းမ​လေးပါ ။

"​သြော်​ . .ဟုတ်​လား ဂရုစိုက်​​ပေးပါဦး​နော်​"

ပြောစရာရှိတာအမြန်​​ပြောကာ သူထွက်​လာလိုက်
သည်​ ။ မီရာမရိပ်​မိတာ ​တော်​ခါကျသွားသည်​ ။
သိသွားခဲ့ရင်​ ဆိုဟီးပြန်​​လျော်​​ပေးရမဲ့​ငွေထက်
လုဟန်​နဲ့မ​တွေ့ရ​တော့မှာကို ကျွန်​​တော်​ပိုစိုးရိမ်​​နေ
သ​ယောင်​ ။ တရက်​ထဲအတွင်းမှာ ကျွန်​​တော့်​ရဲ့
ရူး​ကြောင်​​ကြောင်​စိတ်​​တွေက မထိန်းချုပ်​နိုင်​​အောင်
တိုးပွားလာ​တော့သည်​ ။ တခါ​လေးများ ပြန်​​တွေး
ကြည့်​မိသွားခဲ့ရင်​ ကျွန်​​တော်​ပြုံးမိ​နေမိတာ ။
ဘယ်​လိုစိတ်​နဲ့များ ကျွန်​​တော်​လုဟန်​ကိုချစ်​မိသွား
ခဲ့တာပါလိမ့်​ ။

She is Boy !Where stories live. Discover now