"ရုပ်ကိုက ..တစ်စက်ကလေးမှကြည့်မရတာ"
ဆယ်ဟွန်းတယောက် အနောက်ဘက်ခုံမှာ ပြုံးဖြီးကာ
လူတကာကို သွားတိုက်ဆေးကြော်ငြာနေသည့်လုဟန်
ကိုကြည့်ကာ ရေရွတ်လိုက်ခြင်း။မနေ့ကတော့နားပူ
လောက်အောင် 'မင်ဆော့ကိုမနမ်းရလေခြင်း'ဆိုကာ
ကမ္ဘာပျက်နေသလောက် ဒီနေ့ကတော့ သွားအအေး
ပတ်မှာစိုးနေရသည်။တစ်တန်းလုံးက မြောက်မြားစွာ
သောအိမ်စာတွေကြောင့် ရှုံ့ တွကာ ကုန်းရုံးတွက်
နေစဉ် သူကတော့ တစ်ကမ္ဘာတည်ကာ ပြုံးဖြီးလို့။
ဇာတ်ပိုးကို တချက်လောက် သွားအုပ်ပစ်ချင်တယ်။
ကြည့်မရတော့ဘူး။အနောက်ဘက်ကိုလှည့်ကြည့်တော့ လုဟန်နဲ့အကြည့်
ချင်းဆုံကာ သွားဖြီးပြတာခံလိုက်ရသေးသည်။"သွားတွေ..ရိုက်ချိုးပစ်မယ်"
တွက်လက်စသင်္ချာပုဒ်စာက ခေါင်းစားတာတမျိုး။
လုဟန်ကြောင့်ဒေါသထွက်တာ တမျိုးနဲ့ ဆယ်ဟွန်း
လက်ထဲက ဘော့ပင်ကို ချိုးပစ်ချင်စိတ်တွေတဖွားဖွား။"ဆယ်ဟွန်း......ကန်တင်းလိုက်မလား ဟေ့ကောင်
ငါဝယ်ကျွေးမယ်လေ ....."ထူးဆန်းသည်ထက် ထူးဆန်းနေသော ကပ်စေးကုတ်
လုဟန်က ကန်တင်းကို သူဝယ်ကျွေးမယ်ချည်းပြော
ကာ အတင်းခေါ်နေပေမဲ့ နားပူမည့်အရေးတွေး
ကြောက်သေးတာမို့ ခေါင်းကိုသံပတ်ပေးထားသည့်
အတိုင်း တချက်ချင်းခာပြလိုက်သည်က အခါပေါင်း
မနည်း။"နေပေါ့..ဟေ့ကောင် အားအားယားယားကျွေးချင်
တယ်များမှတ်နေလား...မင်းကို ကျေးဇူးတင်စကား
တွေများနေလို့...."စကားကြီးစကားကျယ်ပြောနေတဲ့ လုဟန်ကို ဆယ်ဟွန်းမျက်ခုံးပင့်ကြည့်ကာ စိတ်လေတယ်ဆို
သောအကြည့်နှင့်။ ဆေးစားမဖှားလာသလား။"ဟေ့ကောင်...မင်းသိလား"
စကားတခွန်းစကာ ဆယ်ဟွန်းနား ခုံတခုံ ဆွဲယူကာ
ဝင်ထိုင်လိုက်တာမို့ ဆယ်ဟွန်း နားထဲဂွမ်းဆို့ထား
ရမည်ဆိုတဲ့ အသိပေးချက်ကို ဦးနှောက်က ချက်ချင်း
သတင်းပို့လာသည်။
![](https://img.wattpad.com/cover/91693147-288-k492347.jpg)