အပိုင်း(၁၇)

3.4K 345 10
                                    

"အိုဆယ်​ဟွန်း ~~ခဏ"

အတန်းထဲဝင်​ခါနီး အ​နောက်​က​နေ လှမ်း​ခေါ်လိုက်
တဲ့မီရာ​ကြောင့်​ ဆယ်​ဟွန်း မျက်​ခုံးခပ်​လှုပ်​လှုပ်​။

"ဘာ​ပြောချင်​လို့လဲ"

"ခဏလိုက်​ခဲ့"

အ​ရှေ့က​နေ လက်​ပိုက်​ကာလှည့်​ထွက်​သွားတဲ့
မီရာ​နောက်​ ဆယ်​ဟွန်းလိုက်​သွားရမလား?
အတန်းထဲပဲဝင်​သွားလိုက်​ရမလား ? တကယ်ဆို
မီရာနဲ့ စကားကိုအဖက်​လုပ်​မ​ပြောချင်​တာ ။
သူမက ပြသာနာကိုမီးထွန်းရှာတတ်​တဲ့ အမျိုး​လေ။
သိ​တော့သိချင်​မိသည်​။ အခု ဘာ​တွေများထပ်​ပြီး
ပြသာနာမရှိသည်​ကို ပြသာနာလုပ်​ဦးမည်​နည်း။

လူရှင်းတဲ့​ကျောင်းဝန်းထဲက တစ်​​နေရာအ​ရောက်​။

"ဆယ်​ဟွန်း~နင်​ မင်​​ဆော့ကိုသ​ဘောကျတယ်
မလား"

မီရာ ကို သူ မျက်​ခုံး​တွေတွန့်​ချိုးသွားသည့်​အထိ
စူးစိုက်​ကြည့်​ကာ အ​ဖြေပြန်​မ​ပေး ။
သူမက​တော့ ပိုင်​နိုင်​​သောအပြုံးမျိုးနဲ့ ပြုံးကာ

"နင်​က~မင်​​ဆော့ကို သ​ဘောကျတယ်
ငါက ~လုဟန်​ကိုသ​ဘောကျတယ်​~
အဲ့ဒိ​တော့ ~ငါ ​ပြောချင်​​တာသိ​နေတယ်​မလား"

စစ်​ကူလာ​ခေါ်​နေသည်​ပဲ​ပြောရမလား ~
ဆယ်​ဟွန်းအရင်​ဆုံး ​ချောင်းတချက်​ဟန်​ကာ
ကိုယ်​​နေဟန်​ထားကို ပြင်​ပြီး

"မသိဘူး"

စိတ်​ပျက်​ကာ ရှုံတွသွားတဲ့မီရာကို ဆယ်​ဟွန်း
ကြိတ်​ရယ်​လိုက်​သည်​ ။

"လွယ်​လွယ်​​လေး ဆယ်​ဟွန်း ~
နင်​နဲ့ငါက သူတို့နှစ်​​ယောက်​ ပြတ်​သွား​အောင်
တစ်​​ယောက်​နဲ့တ​ယောက်​ မ​တွေ့ဖြစ်​​အောင်
လုပ်​နိုင်​ရုံ​လေးပဲ~အဲ့ဒါဆို နင်​သ​ဘောကျတဲ့
မင်​​ဆော့က လုဟန်​ဆီမဟုတ်​ဘဲ နင့်​ဆီ​သေချာ
ပေါက်​​ရောက်​လာမှာ"

စည်းရုံး​ရေးဆင်း​နေတဲ့ သူမစိတ်​ဓာက်​က
အောက်​ဆုံးမှာ ။

"ငါမလုပ်​နိုင်​ဘူး~Ok
ငါ နင်​နဲ့ စကားမ​ပြောခဲ့ဘူးလို့ပဲမှတ်​လိုက်​"

She is Boy !Donde viven las historias. Descúbrelo ahora