အပိုင်း(၂၆)

3.3K 339 15
                                    

"ဆယ်​ဟွန်း..........."

သူ့ကို​တွေ့​တော့ ပြုံးရွှင်​ကာ လက်​​တွေ​ဝှေ့ယမ်းပြကာ
ပြေးလာ​နေတဲ့ မင်​​ဆော့က တချိန်​က မိန်းက​လေး
အဝတ်​အစားနဲ့မင်​​ဆော့ထက်​ ပိုချစ်​ဖို့​ကောင်း​နေသည်​။
မင်​​ဆော့ကို ​တွေ့မိတိုင်း ​နောင်​တ​တွေက တသီကြီး
ရလာပြန်​သည်​။ ငါဘာ​ကြောင့်​ သူ့ကို လုဟန်​လက်​ထဲ
ထည့်​​ပေးမိခဲ့တာပါလိမ့်​လို့​ပေါ့။

"ထူးထူးဆန်းဆန်း....ငါ့ကိုလာ​တွေ့တာလား"

ဒီ​ကျောင်းကြီး​ရှေ့ တကူးတက လာရပ်​​နေတာ သူ့ကို
တွေ့ချင်​လို့​ပေါ့။ အရင်​တိုင်း​လေးပါပဲ မင်​​ဆော့အပြုံး
တွေက ကျွန်​​တော့်​ကို ရင်​ခုန်​​စေတုန်း။

"ဟုတ်​တာပေါ့...မ​နေ့ည​နေ လုဟန်​နဲ့ လိုက်​ခဲ့မလို့
ပဲ...အဲ့အ​ကောင်​က သူတို့အတွဲကြားဝင်​မရှုပ်​ပါနဲ့တဲ့"

တခစ်​ခစ်​နဲ့ရယ်​ကာ ရှက်​​နေသလိုမျက်​နှာထား​လေးနဲ့
မင်​​ဆော့က လုဟန်​အ​ပြော​တွေကို အ​တော်​​လေး
သ​ဘောကျတဲ့ပုံပါပဲ၊ အရမ်းချစ်​ကြတဲ့ နှစ်​​ယောက်​ကြား
ငါက ဘာလ်ို့ ဝင်​ရှုပ်​​နေမိတာပါလိမ့်​။

"အဆင်​​ပြေတယ်​မလား...​ကျောင်းတက်​ရတာ
ငါက​တော့ မင်​​ဆော့မရှိလို့ ပျင်း​နေရတယ်​"

ရှုံ့ မဲကာ ညည်းပြ​နေတဲ့ ဆယ်​ဟွန်း​ကို ကြည့်​ကာ
မင်​​ဆော့ သ​ဘောကျစွာ ရယ်​လိုက်​သည်​။ ဟို​ကျောင်း
မှာ ဆယ်​ဟွန်းတွဲစရာလူက မင်​​ဆော့ပဲရှိခဲ့​တာမလား။

"​ကျောင်း​ပြောင်းလာခဲ့​​လေ"

ဆယ်​ဟွန်းတ​ယောက်​ လက်​တခါခါ ​ခေါင်းတခါခါလုပ်
ကာ အသည်းအသန်​ငြင်း​တော့သည်​။

"ငါ​ပြောင်းရင်​ လုဟန်​က ငြိမ်​​နေမယ်​ထင်​လား
သူပါ လိုက်​​ပြောင်းပြီး မင်းနား ​တောက်​တဲ့လို့ကပ်​​နေ
တဲ့အဖြစ်​​တွေကိုငါ မြင်​ရမှာ ​ကြောက်​လွန်းလို့"

"လုဟန်​နဲ့အဆင်​​ပြေတယ်​မလား...မီရာ​ရော.."

မင်​​ဆော့က စိတ်​ထားဖြူစင်​တဲ့​ကောင်​​လေးဆိုတာ
ဆယ်​ဟွန်း အတပ်​​ပြောနိုင်​သည်​။ သူ့ကို ဒုက္ခ​ရောက်
အောင်​ အကြိမ်​ကြိမ်​လုပ်​ခဲ့တဲ့ သူကို​တောင်​ စိတ်​ပူ
နေ​သေးသည်​။

She is Boy !Where stories live. Discover now