အပိုင်း(၂၃)

3.2K 359 10
                                    

💙XIUHAN💙
လူတ​ယောက်​ကိုသတိရ​နေ​သော်​လည်း
မေ့ချင်​​ယောင်​ ​ဆောင်​ထားရသည်​က
သာမန်​ထက်​ နှစ်​ဆပိုနာကျင်​ရသည်​။

||She is Boy||
✌✌

"နင်​တကယ်​ပဲ ​ကျောင်းမသွားဘူးလား "

ငူငူငိုင်​ငိုင်​ကြီးထိုင်​​နေတဲ့ မင်​​ဆော့ပုံစံကို ဆိုဟီး
ဒေါသဖြစ်​လွန်းကို ​ကျောကို သုံး​လေး​ချက်​​လောက်
ဆင့်​ထုပစ်​ချင်​လာသည်​။ ရှုပ်​ပွ​နေတဲ့ ဆံပင်​​တွေက
ကြွက်​သိုက်​​တောင်​ အရှုံး​ပေးရမတတ်​။ ချိုင့်​ဝင်​​နေတဲ့
မျက်​တွင်း​တွေနှင့်​ ပါး​ဖောင်း​ဖောင်း​လေး​တွေက အခု
တော့ ကြက်​​ပေါက်​ငှက်​​ပေါက်​...........။

"​ခေါင်းပဲခါပြမ​နေနဲ့......လူရုပ်​လဲမ​ပေါ်​တော့ဘူး
အဲ့​လောက်​​တွေ့ချင်​လဲ သွား​တွေ့လို​က်​ပါလား"

သွား​တော့ချင်​တာ​ပေါ့ ။ မျက်​နှာ​လေးကို မြင်​ချင်
တာ​ပေါ့ ။ ဒါ​ပေမဲ့ 'ထွက်​သွား​ပေးပါ'လို့ သူ​တောင်း
ဆိုခဲ့တာမဟုတ်​လား ။ သူ စိတ်​ဆိုးသင့်​ပါတယ်​။
ဒေါသထွက်​သင့်​ပါတယ်​ ။ သူ့ကို လိမ်​ညာခဲ့တဲ့
ငါ့ကို ဘယ်​လိုများ သ​ဘောထားကြီးကြီးနဲ့ခွင့်​လွှတ်
ပေးနိုင်​ပါ့မလဲ။ မိဘသ​ဘောထားကို​တောင်​ ဆန့်
ကျင်​ပြီး ငါ့အတွက်​နဲ့ လက်​ထပ်​ပွဲကို ငြင်းခဲ့တဲ့သူ။

စိတ်​ဆိုးသင့်​ပါတယ်​.........။

"မ​တွေ့ဘူးဆိုလဲ...​ကျောင်းသွားဖို့လုပ်
နင်​သ​ဘောကျတဲ့ မမနဲ့ ​တွေ့ရ​တော့မှာပဲ
တက်​တက်​ကြွကြွ​နေစမ်းပါ......."

"ဂင်​ဆိုဟီး.....ငါ သ​ဘောမကျဘူး "

ဆိုဟီးကို တချက်​ထ​အော်​ကာ ဝုန်းဒုန်းနဲ့ ​ရေချိုးခန်း
တံခါး​ဆောင့်​ပိတ်​သွားတဲ့ မင်​​ဆော့​ကြောင့်​ ဆိုဟီး
တ​ယောက်​ကို ကိုယ့်​ရင်​ဘတ်​ကိုယ်​ဖိကာ ......။
'ငါပဲမှားတာပါ'လို့သာ ​ပြောရုံမှအပ၊
လုဟန်​လဲ ဒီရက်​ပိုင်း ​ကျောင်းမလာတာ ဆိုဟီးသိ​နေ
ပေမဲ့ မင်​​ဆော့ကိုမ​ပြောပြဖြစ်​။ ဒီအတိုင်း ဒီကိစ္စ​တွေ
က အချိန်​ကြာလာရင်​ သူ့​နေရာနဲ့သူ အဆင်​ပြန်​​ပြေ
သွားပါလိမ့်​မယ်​။

She is Boy !Where stories live. Discover now