အပိုင်း(၂၄)

3.4K 344 30
                                    


ရင်​ခွင်​ထဲက ​ကောင်​​လေးဆီက ရှိုက်​သံတချက်​တ
ချက်​က.  ကျွန်​​တော့်​ကို အပြစ်​ရှိတဲ့ လူတ​ယောက်
ဖြစ်​​အောင်​ လုပ်​နိုင်​စွမ်းရှိတယ်​...................။

ခါးနားက အင်္ကျီစကို ခပ်​တင်းတင်း​လေးဆွဲဆုပ်​ထား
ကာ ရှိုက်​​နေတာ​ကြောင့်​ ကိုယ်​​လေးတချက်​တချက်
တုန်​တတ်​သွားတဲ့ ​ကောင်​​လေး​ကြောင့်​ ကိုယ်​ကိုကိုယ်
အပြစ်​တင်​လို့ မဆုံးနိုင်​.............................။

သူ့​ကျောပြင်​​လေးကို ဖွဖွ​လေးပွတ်​ကာ 'မငိုပါနဲ့'
လို့. တဖွဖွ​ပြော​နေ​ပေမဲ့ ကိုယ်​တိုင်​ကိုက ငို​နေမိတာ။
ရင်​ခွင်​ထဲ ပိုလို့တိုးဝင်​လာတဲ့ ​ကောင်​​လေးကို ခပ်​တင်း
တင်းသား ​ပွေ့ဖက်​ထားရင်း .........................။

'​တောင်းပန်​ပါတယ်​ကွာ'လို့..​ပြော​နေမိရုံမှအပ ..။

နှစ်​​ယောက်​သား အချိန်​​တော်​​တော်​ကြာထိ ဖက်​ထား
နေကြသည်​။ ​ဘေးက ဖြတ်​သွားတဲ့ လူ​တွေဆီက
ကွက်​ကြည့်​ကွက်​ကြည့်​ လုပ်​​နေတဲ့ အကြည့်​ဒဏ်
တွေကို ဂရုမစိုက်​မိနိုင်​​အောင်​...။ ရင်​ခွင်​ထဲက ​ကောင်
လေးလဲ ငိုလို့ဝသွားဟန်​ရှိ​တော့မှ သူ့ရင်​ဘက်​ကို
အသာ​လေးတွန်းကာ ​မျက်​ရည်​​တွေပြည့်​​နေတဲ့ မျက်
လုံးဝိုင်းဝိုင်း​လေး​​တွေနဲ့ ​မော့ကြည့်​လာတယ်​..။

"အိမ်​မက်​ မက်​​နေတာလား "

ဟာ။ ဒီ​ကောင်​​လေး​တော့ မျက်​လုံးကလယ်​ကလယ်
နဲ့ အခုထိ လူကိုကြည့်​​နေတုန်း ။ ဝ​အောင်​ ငိုပြီးမှ
အိမ်​မက်​လားတဲ့.......။ အသဲယားလွန်းလို့ ​ဘေး
ပတ်​ဝန်းကျင်​ကို​တောင်​ ဂရုမစိုက်​နိုင်​ဘဲ သူ​လေးရဲ့
ပါး​ဖောင်း​ဖောင်း​လေးကို ငုံ့ကာ နမ်းပစ်​လိုက်​​​တော့မှ.

"ဟာ........." တဲ့ ။ သူ့ပါး​လေးကို လက်​နဲ့အုပ်​ကိုင်
ထားပြီး ပါးစပ်​​လေးဟကာ .ကြည့်​​နေပြန်​တယ်​။
ဒါဆိုလဲ.....​နောက်​ ပါးတဖက်​​ပေါ့​လေ 😘။
နောက်​ ပါး​ဖောင်း​ဖောင်း​လေး တဖက်​ကို ထပ်​နမ်း
ပစ်​လိုက်​​တော့မှ ဒီ​ကောင်​​လေးက သူ့ပါး​လေးနှစ်
ဖက်​လုံးကို လက်​နှစ်​ဖက်​နဲ့ ကိုင်​ထားပြီး 'လုဟန်​'တဲ့။

She is Boy !Where stories live. Discover now