အပိုင်း(၁၈)

3.3K 328 5
                                    

"She is Boy!"
❤❤

||XIUHAN||

"အားကစားချိန်​​တော့ မတက်​ပါနဲ့"

လုဟန်​ ဘယ်​​လောက်​ပဲ​ပြော​ပြော ​ခေါင်းခါ
ပြီး ​ခေါင်းမာ​နေဆဲ ။ သက်​ပြင်း​တွေဘယ်
လောက်​ချပြ​နေ​နေ တစက်​က​လေးမှအ​လျော့
မ​ပေးတဲ့ မင်​​ဆော့ ။ ​နောက်​ဆုံး​တော့လဲ
သူပဲ အ​လျော့​ပေးရ​တော့ပြန်​သည်​။

"အင်း​လေ~ပိုချစ်​တဲ့သူက အ​လျော့​ပေးရ
မှာပဲ"

'အပို​တွေ'တဲ့။ မျက်​​စောင်းထိုးပြီး အားကစား
ချိန်​အတွက်​ အဝတ်​အစားလဲဖို့ ထွက်​သွား
တော့သည်​။ သူ့အကြိုက်​ဆုံး အချိန်​က
အားကစားချိန်​မို့ပါတဲ့။ စာမသင်​ရလို့တဲ့​လေ။

"သူဒုက္ခ​ရောက်​မှာဆိုးလို့ကို"

မတင်​မကျ​လေသံနဲ့ တစ်​ခုခုကို သူ​တွေးကာ
စိတ်​ပူ​နေမိတာ မင်​​ဆော့မှမသိတာ။
မသိတာလဲ ​ကောင်းပါတယ်​​လေ။သိလို့မှ
မဖြစ်​ကို။

"မသွားဘူးလား"

ဆယ်​ဟွန်းက ပုခုံးတဖက်​ကို ဝင်​တိုက်​ပြီး
ဘေးက အဖြတ်​ ​မေးသွားတာမို့ သူ
သွားရင်​​ကောင်းမလား စဉ်းစားမိသည်​။

"ဟာ~ဒီ​ကောင်​ ဘာတုန်းက ရင်းနှီးသွား
လို့ ပုခုံး​တောင်​ ဝင်​တိုက်​တဲ့အဆင့်​လဲ?
ရန်​စတာလား"

အ​နောက်​က​နေ သူလှမ်း​အော်​​တော့ အိုဆယ်​ဟွန်း
က လှည့်​ပင်​မကြည့်​ဘဲ လက်​တဖက်​​မြှောက်​ပြသွား
သေးသည်​။

ဒီအားကစားချိန်​သာ သူတက်​ရင်​ အ​နောက်​က​နေ
နေထွက်​လိမ့်​မယ်​လို့ ဝိုင်း​ပြောကြလိမ့်​မှာ ။
ဒါ​ပေမဲ့ တက်​ရမှာ​ပဲ​လေ။
လုဟန်​ အားကစားဝတ်​စုံလဲပြီးတာ​တောင်​ မင်​​​ဆော့
မလဲရ​သေး။ အဝတ်​လဲခန်းအဝ​လေးမှာ မတ်​တပ်
ရပ်​​နေသည်​။ လုဟန်​ သက်​ပြင်းချလိုက်​မိ​သေး
သည်​။ မိန်းက​လေး​တွေ အလျိုလျို ထွက်​လာမှ
သူ အထဲဝင်​သွား​တော့သည်​။

She is Boy !Where stories live. Discover now