အပိုင်း(၅)

4.4K 434 3
                                    

အချစ်ရဲ့ဒဿန - - - -

-ပန်းရောင်အချစ် =တစ်စုံတစ်ယောက်ကိုမြင်
မြင်ချင်းရှေးရေစက်ကြောင့် စွဲလမ်းတွယ်တာမိ
တာမျိုး ။

-အပြာရောင်အချစ်=သူငယ်ချင်းသံယောဇဉ် ×
မောင်နှမသံယောဇဉ်ကနေ၁၅၀၀အချစ်ဆီကူး
ပြောင်းသွားတာမျိုး။

-အနီရောင်အချစ်= တယောက်ကိုတယောက်မှ
မပိုင်ဆိုင်ရရင် အသက်ကိုတောင်စတေးဝံ့တဲ့
ရိုမီယိုနဲ့ဂျုးလီးယက်တို့လိုမျိုး။

-အမဲရောင်အချစ်=တစ်ယောက်ကိုတစ်ယောက်
ညစ်ညမ်းတဲ့အတွေးမျိုးနဲ့စွဲလမ်းနေတာမျိုး။

သင်ကရောဘယ်လိုအချစ်မျိုးနဲ့ချစ်မိဖူးသလဲ ။

ကျွန်တော်ကတော့ "ကိုယ်ချစ်တဲ့သူအပေါ် ဘာ
ကိုမှမတပ်မက်ဘဲ အဲ့ဒီလူကို 'အဲ့ဒီလူ'အဖြစ်ပဲ
ချစ်ချင်သည် ။

အဲ့ဒီလူရဲ့ အကြောင်းအသေးအဖွဲ့လေးကအစ
စိတ်ဝင်စားပြီးဂရုစိုက်ချင်မိသည် ။

× × × × ×

အပိုင်း(၅)

လူပြတ်နေတဲ့လမ်းကြားတစ်ခုအတွင်း အုပ်စု
လိုက် မတ်တပ်ရပ်ကာ စကားပြောနေကြသူ
အချို့။
မှောင်ရိပ်ခိုနေတာကြောင့် ဘယ်သူဘယ်ဝါမှန်း
မသဲကွဲပေမဲ့ အသံတွေကြောင့် မိန်းကလေးတွေ
မှန်းသိသာလှသည် ။

"နင်တို့ဘာလို့ သူ့ကို ဒီအတိုင်းထားရတာလဲ
ငါပြောထားတယ်လေ ဟန်လေးနားကပ်တဲ့သူ
အကုန် ဆုံးမပစ်လို့။

ခပ်စိုက်စိုက်ဆောင်းထားတဲ့ဦးထုပ်ကြောင့
ဒီမိန်းကလေးကို ပုံဖော်ကြည့်ဖို့မလွယ် ။ပိုဆိုး
သည်က သူမမျက်နှာပေါ် မှောင်ရိပ်ကာ စိုးမိုး
ထားသည် ။

"ငါတို့လဲ ဆုံးမမလို့ပါပဲ ဒါပေမဲ့ ကျောင်းသား
သစ်က"

ပိန်ပိန်သွယ်သွယ်ရှိတဲ့မိန်းကလေးက ထပြော
လာသည် ။

"ကျောင်းသားသစ် ?"

သူမကား ဦးထုပ်ကို လက်တဖက်နဲ့အုပ်ဖိကာ
ထိုစကားကိုရေရွတ်လိုက်သည် ။

She is Boy !Where stories live. Discover now