အပိုင်း(၂၂)

3.2K 355 5
                                    


လွမ်းတယ်​ဆိုတာထက်​ပို​အောင်​ တမ်းတမိတယ်​ !

'တောင်းပန်​ပါတယ်​...လိမ်​ညာမိတဲ့အတွက်​..

ဒါမဲ့ ...ငါ မင်းကို တကယ်​ချစ်​ခဲ့တာပါ ...

အဲ့တာက​တော့ ငါ မလိမ်​ညာခဲ့ပါဘူး..'

နားထဲမှာ အထပ်​ထပ်​အခါခါ ကြား​နေရတဲ့
မင်​​ဆော့ အသံ​လေး ။လွမ်း​နေ​ပေမဲ့
သူ့ကို အ​ဝေးတွန့်​ပို့လိုက်​သူက ကိုယ်​ ကိုယ်​တိုင်
ပဲမဟုတ်​လား။

'ထွက်​သွား​ပေးပါလား' တဲ့။ ဒီပါးစပ်​က
ဆယ်​ဟွန်း​ပြောခဲ့သလို သစ္စာမရှိတဲ့
စကား​တွေကို​ပြောလိုက်​ခဲ့မိတာ ။

လက်​မလွတ်​ပါဘူးလို့ အကြိမ်​ကြိမ်
တိတ်​တဆိတ်​ ကတိ​တွေ ​ပေးခဲ့​ပေမဲ့
လက်​​တွေ့မှာ ကတိပျက်​ခဲ့မိတာ ။

ပြောပြချင်​တာ ကိုယ်​ချစ်​တာ မင်​​ဆော့
ဆိုတဲ့ မင်းကိုပါ ။ ​ယောင်္ကျား​လေး
မိန်းက​လေးဆိုတဲ့ ဖြစ်​တည်​မှုကို
မဟုတ်​ဘူးဆိုတာကို ။

💙XIUHAN💙

*She is Boy*

အဲ့ထိ​နေ့ ကိစ္စ​တွေ အကြီးအကျယ်​ဖြစ်​သွားပြီးထဲက
မင်​​ဆော့ ​ကျောင်းမလာ​တော့သလို လုဟန်​ကိုလဲ
အစအန​တောင်​ရှာလို့မရ။ တ​ကျောင်းလုံးလဲ သည်
သတင်း​တွေ ပျံကာ။ မင်​​ဆော့ အ​ကြောင်းစုံကို​တော့
လူမသိ​ပေမဲ့ ။အားလုံးထင်​​ကြေး​ပေး​နေကြသည်​က
လုဟန်​နဲ့ မင်​​ဆော့က ချစ်​သူ​တွေ ။ လုဟန်​ကချစ်​သူ
ရှိ​နေတာမို့ မီရာနဲ့​လက်​ထပ်​မည့်​ကိစ္စဖြတ်​ခဲ့သည်​လို့။

"မင်​​ဆော့ရာ! ဖုန်းကိုင်​ပါကွာ "

ဖုန်း ဘယ်​​လောက်​​ခေါ်​ခေါ် ​ဖြေသူမဲ့ကာ။ ဆယ်​ဟွန်း
လက်​ထဲက ဖုန်းကို ကြည့်​ကာ အားမရနိုင်​။ ကိုယ်
တိုင်​ အိမ်​ထိ သွား​တွေ့ချင်​​ပေမဲ့ ရှက်​​နေမှာဆိုးလို့
တွေးကာ အခုထိ ဖုန်း​ခေါ်​နေ​ပေမဲ့ မကိုင်​။

ငို​နေမလား .........။

ရှက်​​နေမလား.......။

She is Boy !Where stories live. Discover now