အပိုင်း(၂)

5.2K 440 0
                                    

မှန်သည် ။ဆိုဟီးပြောသလို ချောသည်
စမတ်ကျသည် နောက်တစ်ခုက မာနကြီးသည် ။
လုဟန်ရဲ့ ခြေလှမ်းတွေက သူ့ ဆီ လှမ်းလာလို့ ။
သူ ယောင်ယောင်မှားမှားနှင့် နောက်ဆုတ်မိ
လျက်သား

"ငါ ငါက ဘာ ဘာလို့ နင့်နောက်လိုက်ရမှာလဲ"

စကားတွေက ထစ်ထစ်ငေါ့ငေါ့နှင့်စိတ်ပျက်စရာ
ကောင်းလှသည် ။ အခုချိန်မှ စကားထစ်နေရ
သည်လို့ ။

"ဒါဆို ဘာလို့ မတ်တပ်ရပ်နေတာလဲ မင်း
သွားစရာရှိတာသွားပါလား "

"သွား သွားမှာပါ"

သွားမှာပါ လို့ သူပြောပေမဲ့ ခြေလှမ်းတွေစမ
လှမ်းရသေးခင်မှာဘဲ လုဟန်က သူ့ အနားက
နေဖြတ်လျှောက်သွားတော့သည် ။

မာနကား တော်တော်လေးကိုထိပ်ရောက်နေ
သည် ။

ဘယ်မှမသွားချင်တော့တာမို့ စာသင်ခန်းဘက်
ခြေဦးပြန်လှည့်လာတော့သည် ။
လုဟန်ဆိုသူက ခုံပေါ်ခေါင်းတင်ကာမှောက်အိပ်
လို့  ဒါကိုပင် အတန်းထဲကမိန်းကလေးတွေက
တယောက်တပေါက်တီးတိုးအတင်းခြွေနေကြ
သည် ။သေချာသည်က လုဟန်ဆိုသူရဲ့ အ
ကြောင်း ။ချောလိုက်တာ သန့် လိုက်တာ
အိပ်နေတာလေးက ချစ်ဖို့ ကောင်းလိုက်တာ
ဒါတွေပါပဲ ။တချိန်တော့ သည်မိန်းကလေးတွေ
လုဟန်ရဲ့ အပြောအဆိုသရုပ်မှန်ကိုသိရတော့
မှာပါ ။

"ဟိုင်း မင်ဆော့ ! "

သူ့ ရှေ့ခုံက မိန်းကလေးက နောက်လှည့်လာ
ကာလက်ကလေးတဖက်ထောင်ပြကာ
မိတ်ဆက်လာသည် ။မိန်းကလေးတစ်ယောက်
ကအရင်စကာ နှုတ်ဆက်လာသည်ကို ဒီတစ်
ခါမျှသာသူကြုံဖူးသည် ။အရင်ကျောင်းမှာ
တစ်စုံတစ်ယောက်ကမှ သူ့ ကိုအရေးတယူ
မလုပ်ခဲ့ ဖူးပါ ။

"အမ် အာ ဟိုင်း မီရာ !

သူမရဲ့ နာမည်ကတ်ကို ကြည့်ကာ သူဖြည်း
ဖြည်းချင်းအသံထွက်ကာပြန်နှုတ်ဆက်လိုက်
တော့ သူမကပြုံးကာ

"သူငယ်ချင်းလုပ်ရအောင် "

"ဟမ် "

သူရဲ့ အာမေဍိတ်သံဟာ ချက်ချင်းပင်ထွက်သွား
တော့သည် ။မီရာကတော့ သူ့ အပြုအာအမှု
ကိုထူးဆန်းကာ စူးစိုက်ကြည့်လို့ ။

She is Boy !Where stories live. Discover now