တိတ်ဆိတ်နေတဲ့ စာသင်ခန်း....
အောင်နိုင်သူလိုအပြုံးမျိုးနဲ့ ..အတန်းရှေ့မှာ
ရှိနေသူက....မီရာ......။
"ငါတို့ကျောင်းမှာ ...လူလိမ်တယောက်ရှိနေတယ်
...အာ..ငါတို့အခန်းထဲမှာပေါ့ "မီရာစကားကြောင့် တိုးတိုးကြိတ်ကြိတ် ဝေဖန်စကား
သံတွေက စီစီညံညံ ဖြစ်လာသည်။သူထင်ကိုယ်ထင် ထင်ကာ ခပ်တိုးတိုးစကားသံတွေ
က ပွတ်လောရိုက်လာသည်။ထင်ကြေးပေးသံတွေကြား ကြောက်ရွံမှုတွေက
မင်ဆော့ကို ...ဒူးတွေ လက်တွေပါ တုန်လာစေ
သည့်အထိ။သူလား?
ဟိုတယောက်လား?
စသည့်ဖြင့် ဝေဖန် တွတ်တိုးကာ အတင်းအဖျင်းသံ
တွေကလဲ မင်ဆော့နားထဲ အပြေးအလွှား တိုးဝင်
လာနေသည်။"ငါက...သူကိုယ်တိုင် ထုတ်ပြောတာကိုလိုချင်တာ
ဘယ်လိုလဲ...နင်တို့ရော ငါ့လိုပဲလား "တယောက်တပေါက် အသံတွေနှင့် လက်မထောင်
ခေါင်းညိတ်ကာ "ဟုတ်တယ် ဟုတ်တယ်" ဆိုတဲ့
အသံတွေက ဆူဆူညံညံ။ဒီလောက်ထိ အဆိပ်ပြင်းမှန်း မသိခဲ့တာ အမှန်ပါ
.......မီရာ....။"မီရာ.....မဟုတ်တဲ့သတင်းတွေဖြန့်ပြီး ဆူညံ
အောင် မလုပ်ပါနဲ့ "ထပြောသူက အိုဆယ်ဟွန်း ။ စကားသံတို့က
တည်ငြိမ်ကာ ဆယ်ဟွန်းပုံစံက ခပ်တည်တည်။
မျက်ခုံးတွေက တစ်တန်းတည်းကျကာ မီရာ
ကို စူးစိုက်ကြည့်နေသည့် အကြည့်တို့က
ဆယ်ဟွန်းဆီမှာ တခါမှမတွေ့ဖူးသော အကြည့်
မျိုး ။"နင်ရော...မသိချင်ဘူးလား ဆယ်ဟွန်း
အဲ့တယောက်ရဲ့....လိမ်ညာမူကြီးက...
နင့်ကို ....ခံစားရခက်စေမှာဟ......."အကြည့်တွေအားလုံး စုပြုံ ကျသွားသည်က
မင်ဆော့ ။ ဆယ်ဟွန်း ဒေါသထွက်လွန်းလို့
လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထား.
မိသည်။ ခေါင်းငုံ့ကာ မီရာ ပြောသမျှကို
ငြိမ်ခံနေရသည့် မင်ဆော့ကို ကာကွယ်ပေးချင်
မိသည်။ အခန်းထဲကနေ ခေါ်ထုတ်သွားချင်မိ
သည်။
![](https://img.wattpad.com/cover/91693147-288-k492347.jpg)