အပိုင်း(၁၂)

3.5K 348 8
                                    

ဒီညကား ဆယ်​ဟွန်းအတွက်​ အ​တွေး​ပေါင်းများစွာ
နဲ့ရှုပ်​ယှက်​ခတ်​ရင်း တ​ချောက်​​ချောက်​နှင့်​နာရီမြည်
သံ​တွေကို ထိုင်​တွက်​ရင်း ~~~~~

ဘာလို့လဲ?

ဘာ​ကြောင့်​လဲ?

ဘာဖြစ်​လို့?

ဤသို့ဤသို့ "ဘာ"နဲ့စတဲ့​မေးခွန်း​တွေက ​ခေါင်းထဲ
မှာထပ်​တလဲလဲ။ ​သေချာတာက​တော့ ညလုံး​ပေါက်
သာကုန်​ဆုံးသွားသည်​ သူအခုထက်​ထိအ​ဖြေတစ်​ခု
ရှင်းရှင်းလင်းလင်းမရ​သေး။

"​ကျေးဇူးပြုပြီး ကိုယ်​ထင်​သလို​တော့မဖြစ်​လိုက်​ပါ
စေနဲ့"

ကံတရားက ကိုယ့်​ဘက်​မှာရှိ​နေဖို့ဆိုတာ မ​ရေရာပါ။
နှုတ်​ကတတွတ်​တွတ်​နဲ့ ​ရေရွတ်​ရင်း "မင်​​ဆော့"
ရယ်​လို့သာ တလိုက်​မိသည်​။

"She is Boy!"

"ဆယ်​ဟွန်း!!! မ​နေ့ကစာ​လေးပြန်​ကူးချင်​လို့"

လက်​ဝါး​လေးဖြန့်​ပြီး သူ့ကိုစာအုပ်​​တောင်း​နေတဲ့
မင်​​ဆော့ကို သူ​သေချာကြည့်​​နေမိသည်​။
တူတယ်​ မင်​​​ဆော့။ မိန်းက​လေးနဲ့သိပ်​တူ​နေတာ။
မဟုတ်​ဘူး အစထဲက မင်းကမိန်းက​လေးမလား။
ဟုတ်​တယ်​မလား။ ငါချစ်​​နေမိတဲ့မင်းက မိန်းက​လေး
ပဲမလား?။

"ဆယ်​ဟွန်း!! ငါ​တောင်း​နေတာကြာပြီ​နော်​"

"မီရာဆီက​တောင်းလိုက်​"

"ဘာရယ်​"

ဟုတ်​တယ်​​လေ။ သူမ​နေ့က ​ကျောင်းမတက်​သလို
ကျွန်​​တော်​လဲ မ​နေ့ကသူ့​နောက်​လိုက်​​ချောင်း​နေလို့
အတန်းမှမတက်​ရတာ။

"ရတယ်​...သိလား ရတယ်
စာနဲ့ပတ်​သတ်​​တော့တွန့်​တိုတတ်​လာတယ်​"

သူထင်​ရာ သူ​တွေးပြီး နှုတ်​ခမ်းတလံတထွာ​လောက်
ပစ်​​ထော်​ကာ အ​ရှေ့ကမီရာဆီ လက်​ညိုး​လေး
ထောင်​ပီး စာအုပ်​​တောင်း​နေတဲ့ ​ကောင်​မ​လေးက
ကောင်​​လေးတ​ယောက်​ဆိုတာ ဘယ်​သူယုံမှာလဲ?
ကျွန်​​တော်​လဲမယုံဘူး။

She is Boy !Where stories live. Discover now