အပိုင်း(၂၈)

3.4K 322 6
                                    

ရွေ့လျား​နေတဲ့ နာရီလက်​တံက ကျွန်​​တော့်​ကို တမင်
သက်​သက်​ ​လှောင်​​ပြောင်​​နေသလား ၊

အတန်းချိန်​လွှတ်​မဲ့အချိန်​ကိုပဲ စိတ်​​စော​မျှော်​လင့်​​နေ
တာမို့ စာတ​စ်​လုံးတစ်​​လေ ​တောင်​ ​ခေါင်းထဲ​ရောက်
မလာ၊ အတန်း​ရှေ့က​ ဆရာကိုလဲ ကြည့်​သာ ကြည့်
နေရသည်​ အ​တွေးက လုဟန်​ဆီကိုသာ၊

"မင်းစိုက်​ကြည့်​​နေတာနဲ့ အချိန်​​တွေက မြန်​လာ​ပေး
မယ်​များ ထင်​​နေလား မင်​​ဆော့ "

ဖုန်းကိုဖွင့်​ကာ ခဏခဏအချိန်​ကြည့်​ပါများလာ​တော့
ဘတ်​ဟွန်း ရွဲ့​ပြောလာ​တော့တယ်​၊

"မင်​​ဆော့...ဆရာက ဒီအခန်းအ​ရေးကြီးတယ်​လို့
ပြောတယ်​"

ခေါင်း​စောင်းကာ ခဏခဏစကား​တွေလာလာ​ပြော
နေ​ပေမဲ့ ဘတ်​ဟွန်းအ​ပေါ် ​ဒေါသ​တွေသာ ပုံချလိုက်
ချင်​​တော့သည်​။

"​ မင်းပါးစပ်​​ပေါက်​​လေး ပိတ်​​ပေးပြီး သိပ်​​ကျေးဇူးတင်
မိမှာ....."

"အိုဆယ်​ဟွန်းရဲ့ ဖုန်းနံပါတ်​​ပေးမယ်​ဆိုရင်​​ပေါ့"

မလွယ်​​ကြော ဘတ်​ဟွန်းကို မင်​​ဆော့ စကားပြိုင်
မ​ပြောနိုင်​​တော့၊ အချိန်​​တွေသာ မြန်​မြန်​ကုန်​ဖို့
တတွတ်​တွတ်​ရွတ်​​နေရုံမှအပ၊

"ဒီ​နေ့​တော့ ဒီ​လောက်​ပါပဲ"ဆိုတဲ့ ဆရာ့ရဲ့အသံက
ဒီ​နေ့မှ ပိုနား​ထောင်​​ကောင်း​နေသလိုပါပဲ ။ ဆရာ
အခန်းဝနား​ရောက်​တာနဲ့ စာ​ရေးခုံ​ပေါ်က ပစ္စည်း​တွေ
ကို လွယ်​အိတ်​ထဲ အကုန်​သိမ်းကြုံးထည့်​ကာ
အခန်းထဲက ​ပြေးထွက်​လာ​တော့သည်​။

"မင်​​ဆော့...ငါ့စာအုပ်​...."

"ငါ့ကို​စောင့်​ဦးဟ"

အ​နောက်​က​နေ ဘတ်​ဟွန်း ၊ ဂါအီ ​အော်​​ခေါ်သံ​တွေ
ကို ဂရုစိုက်​နိုင်​ပဲ ​ကျောင်းထဲက​နေ ​ပြေးထွက်​ဖို့သာ။
လုဟန်​ဆီသွားမယ်​ ၊ ​တောင်းပန်​ရမယ်​ စွပ်​စွဲခဲ့မိတယ်
ဆိုတဲ့အ​ကြောင်း ၊ သူစိတ်​မဆိုး​လောက်​ပါဘူး​နော်​။
သူ့ကို တွန်းထုတ်​ခဲ့မိတဲ့အတွက်​။

She is Boy !Wo Geschichten leben. Entdecke jetzt