အပိုင်း(၆)

4.2K 418 5
                                    

ဖြူလွှနေတဲ့ မျက်နှာကျက်ကို ဆယ်ဟွန်းတစ်
ယောက် အကြောင်းမဲ့စိုက်ငေးကြည့်နေသည်
အကြည့်တွေကသာ မျက်နှာကျက်ဖြူဖူဆီ
ရောက်နေပေမဲ့ စိတ်တို့က တစ်နေရာသို့ပျံကာ။

ပါးဖောင်းဖောင်းလေးနဲ့ ကောင်မလေး။
နှုတ်ခမ်းလေးဆူကာ ရန်တွေ့တတ်တဲ့သူ့ပုံစံ။
တခါတခါ သူမက မျက်စောင်းလေးထိုးတတ်
သေး။

သူမကို စတွေ့ခဲ့ချိန်က လုဟန်နဲ့တစ်စုံတစ်ရာ
ပတ်သတ်နေသူလို့ ထင်မိခဲ့တာကြောင့် ဝင်ရော
ကြည့်မိခဲ့တာ ။အခုတော့ သူမက တကယ်ကို
ဖြူစင်ပြီး လုဟန်နဲ့လဲပတ်သတ်သူမဟုတ်တာ
သူသိခဲ့ပြီ ။ သူမကို ပြသာနာရှာတတ်တဲ့ မိန်းက
လေးတွေရန်ကနေ သူကာကွယ်ပေးချင်မိသည်
သူမ ပြုံးသွားအောင် လုပ်ပေးချင်မိသည် ။သူမ
မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ ရယ်နေ
တတ်အောင်ပဲ လုပ်ပေးချင်မိသည် ။

ဖြူစင်တဲ့ကောင်မလေး ။
ငါ့နံဘေးမှာပဲ မင်းကိုအသက်ရှူစေချင်မိပြီ ။

ဒေါက်​​ဒေါက်​ ...

"ဆယ်​ဟွန်း Appaဝင်​လာခဲ့မယ်​​နော်​"

တံခါး​ခေါက်​သံနဲ့အတူ Appaဝင်​လာ​တော့သည်​ ။

Appa..တကယ်​​တော့ommaရဲ့​နောက်​​​ခင်​ပွန်းဆို
ပိုမှန်​လိမ့်​မလား။ Appaဝင်​လာတာ​ကြောင့်​ကုတင်
ပေါ်က​နေ သူထိုင်​လိုက်​သည်​ ။

"သား မင်း​ကျောင်းတက်​ရတာအဆင်​​ပြေလား"

ကြားရတဲ့အတိုင်းပါပဲ ကျွန်​​တော့်​ရဲ့ဒုတိယ​မြောက်
Appaဟာ ကျွန်​​တော့်​အ​ပေါ်သိပ်​​ကောင်းတယ်
ကျွန်​​တော့်​အတွက်​ Appa​ကောင်းတစ်​​ယောက်
ပါ ။

"Nae ​ပြေပါတယ်​"

"လုဟန်​နဲ့​ရော ​တွေ့ခဲ့​သေးလား"

Appaပါးစပ်​က လုဟန်​ဆိုတဲ့နာမည်​ထွက်​ကျလာ
တာကို အံသြမ​နေ​တော့ပါ ။ သူရဲ့တဦးတည်း​သော
သားကို သူ​မေးတာဆန်းသလား။

"Nae"

ကျွန်​​တော့်​ရဲ့တိုတိုတုတ်​တုတ်​အ​ဖြေ​ကို Appaနား
ထောင်​ကာ ကျွန်​​​တော့်​ကိုပြုံးပြလာသည်​။ Appaလဲ
သိမှာပါ ကျွန်​​တော်​တို့ချင်းမ​ပြေလည်​ဘူးဆိုတာ
ပြေလည်​စရာအ​ကြောင်းမှမရှိနိင်​တာ။

She is Boy !Donde viven las historias. Descúbrelo ahora