❤"She is Boy"❤
LUHAN❤XIUMIN"တစ်ခုခု အကြံပေးဦးလေကွာ "
ရှုံတွနေတဲ့ မျက်နှာနဲ့ အိမ်တစ်အိမ်လုံး နေရာအလပ်
မရှိအောင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်က
လွန်ခဲ့တဲ့ နာရီလောက်ထဲက ။ မျက်စိနောက်လာ
လွန်းတာကြောင့် ဆယ်ဟွန်း နားထင်ကို လက်မနဲ့
အသာဖိကာ မျက်လုံးအစုံကိုမှိတ်ထားရင်း ။"လုဟန်...မင်း ငြိမ်ငြိမ်မထိုင်သေးရင် ငါအန်မိ
တော့မှာနော်....."ဘုကြည့်ကြည့်ကာ ခုံကိုဆွဲယူပြီး ဝင်ထိုင်လာတဲ့
လုဟန်ကို ဆယ်ဟွန်း ကြည့်နေရတာ မသက်သာ။
မီရာတို့ အိမ် သွားဖို့အတွက် သူ့မှာ စစ်မြေပြင်လွှတ်
နေရသလို။ မျောက် မီးခဲကိုင်မိသလို ။ ဖင်တကြွကြွ
နဲ့ ပါးစပ်ကလဲ 'ကူပါ ကယ်ပါ'နဲ့ ။ ကိုယ့်ကိုကိုယ်
တောင် ဒုက္ခသည်စခန်းရောက်နေသလားမှတ်နေရ
တယ်။"ဘယ်တတ်နိုင်မလဲ....ခေါ်မှတော့ သွားပေါ့
ဟိုကျ မင်းကို ဘယ်သူမှ မသတ်ဘူး..."ဆယ်ဟွန်းစကားကို အရင်အချိန်ကို ဘုကလန့်
ပြန်ပက်ဖို့ ဆန္ဒရှိပေမဲ့ အခုက ပြန်ပြောနေလို့လဲ
အကူညီရတာမှ မဟုတ်တာ ။သည်တော့ လုဟန်
အလိမ္မာသုံးကာ လေအေးလေးနှင့်"ဆယ်ဟွန်း....ငါတို့ စကားအကောင်းပြောရအောင်
ငါ ဒုက္ခရောက်နေတာ မင်းအသိနော် ....
ငါသာ appaနဲ့အတူ မီရာတို့အိမ်သွားခဲ့လို့
မင်ဆော့သာ သိသွားရင် ...တမျိုးထင်ပြီး ရှင်းရ
ခက်မှာပေါ့...."ဆံပင်တွေကြား လက်ထည့်ကာ ထိုးဖွလိုက်...
ဟူး ခနဲသက်ပြင်းချလိုက်...ခဏနေ ခေါက်တန့်
ခေါက်ပြန် လမ်းလျှောက်လိုက်နဲ့...ကြာရင် ကြားထဲ
က ငါ အသက်တိုလိမ့်မယ် ။ ဆယ်ဟွန်းရယ်
ကြံစမ်း.....ဒီဒုက္ခသည်ကို ကူညီလိုက်စမ်း..။