"အား....ရှက်လိုက်တာကွာ..."'ရှက်လိုက်တာ.၊သေ သင့်တာ ၊သွားပါပြီကွာ'ဆိုတဲ့
အမျိုးမျိုးသော ညည်းတွားနည်းအစုံစုံနဲ နဘေးမှာ
ရှုံ့ တွနေတဲ့ရုပ်နဲ့ လာအော်ဟစ်နေသူက ဘတ်ဟွန်း၊
ဇာတ်လမ်းကိုသူပဲစထွင်ပြီး အခုမှ အရှက်ကြီးနေတော့
တာ ၊ ဆယ်ဟွန်းလဲ မျက်လုံးပြူးကာကျောက်ရုပ်မဖစ်
ရုံတမယ် ဆိုသလို ဘတ်ဟွန်းလဲ မျက်နှာပေါ်မှာ
ခရမ်းချဉ်သီးခင်းဖြစ်လို့ ၊ထိုအချိန်မှာ သူနဲ့လုဟန်က
ပွဲကြည့်ပရိသတ်။"ဂိမ်းဆော့မယ်လို့ပြောတာလဲ မင်းပဲ.......၊
အဲ့အဝတ်အစားတွေယူလာတာလဲ မင်းပဲ.....၊
မဆီမဆိုင် လုဟန်ကိုအပြစ်ပြောမနေနဲ့ ""ဘာလဲ..မင်းက မင်းလူကိုထိတော့နာတယ်ပေါ့
ဟုတ်လား..မင်းသူငယ်ချင်း အရှက်ကွဲခဲ့ရတာ
လေးကိုပဲ ပြန်စဉ်းစားပြီး သနားပေးဦး....၊
ဟွန့်..ဘယ်နှယ့်ကွာ ဆယ်ဟွန်းရှေ့မှာမှ...😫"ဘတ်ဟွန်းကြောင့် မင်ဆော့မှာ ငိုရခက် ရယ်ရခက် ၊
ပြောရမယ်ဆို မနေ့က ဘတ်ဟွန်းတယောက်
ဆံပင်ဂုတ်ဝဲလေးနဲ့ ဂါဝန်လေးနဲ့ လှနေရောပါပဲ ။
တချိန်တုန်းက ကိုယ့်လိုပါပဲ😌၊ ဆယ်ဟွန်းကလဲ
ပါးစပ်မစိနိုင်အောင် ငေးယူခဲ့သည်ကိုလဲ မင်ဆော့
ပါမက လုဟန်လဲသိတယ်။"ငါ ကူညီပေးရမလား....."
"ဘာကိုလဲ..."
သူ့ကိုငိုမဲ့မဲ့နဲ့ အသံလေးကညောင်နာနာနဲ့ ပြန်မေး
တယ် ၊ အင်းပေါ့ သူသဘောကျတဲ့ လူရှေ့မှာ မိန်း
ကလေးအဝတ်အစားကြီးနဲ့ဆိုတော့ ၊ဘတ်ဟွန်းရယ်
ငါ့လိုသာ တစ်လလောက် ဝတ်နေရရင် မင်းရူးသွား
မလားပဲကွာ ၊"မင်းတို့နှစ်ယောက်အဆင်ပြေအောင်..ငါကူမယ်လေ"
'ဟုတ်မှလဲ လုပ်ပါကွာ'ဆိုတဲ့ ဘတ်ဟွန်းဆီက အသံ
သေးသေးလေးကြောင့် သူ အော်ဟစ်ရယ်ပစ်လိုက်
တယ်၊ သူ့ကို ဆရာတင်မှတော့ အစွမ်းလေးပြပေး
ရမှာတော့ ။ ဟင်း...တကျောင်းလုံးကမိန်းကလေးတွေ
သဲသဲလှုပ်ကြတဲ့ လုဟန်ကိုတောင် ပြန်ကြိုက်လာ
အောင်လုပ်နိုင်ခဲ့တာကို.....😌😌😌၊
![](https://img.wattpad.com/cover/91693147-288-k492347.jpg)