Part 1

29.9K 1.7K 73
                                    


📩"Baek ကိုယ်တို့ထိုင်နေကျဆိုင်လေးမှာ တွေ့ရအောင်''

Chanyeol ဆီမှဝင်လာတဲ့ msgကို Baekhyun ကြည့်နေမိသည်မှာ ကြာပီ။

Chanyeol ဆိုသည်မှာ Baekhyunရဲ့ချစ်သူ...
မွေးကတည်းအတူတူကြီးပြင်းလာသည့် Baekhyun တို့အိမ်နဲ့ Chanyeolတို့အိမ်ဆိုသည်မှာ နှစ်အိမ့်တစ်အိမ်။

လအနည်းငယ်သာ ကွာသည့် Baekhyunတို့နှစ်ယောက်က အတန်းလည်းအတူတူ။

အမြဲတတွဲတွဲနေလာခဲ့ပီး တက္ကသိုလ်စတက်ချိန် 19နှစ် ကစလို့ နှစ်ယောက်လုံး သူငယ်ချင်းမှ ချစ်သူအဖြစ်သို့ ပြောင်းလဲခဲ့သည်မှာ အခု 23နှစ်ရောက်သည်အထိ။

မိဘတွေလည်းသဘောတူကာ ခွင့်ပြုသည်မို့ နယ်ကနေ Seoulသို့ပြောင်းကာ တိုက်ခန်းတစ်ခုကိုအတူငှါးနေသည်။

Chanyeol ကကုမ္ပဏီတစ်ခုမှာ အရောင်းတာဝန်ခံဖြစ်ပီး Baekhyunက Web Cartoon ကုမ္ပဏီတစ်ခုမှာ ဇာတ်ကောင်ဆွဲပေးသူအဖြစ်အသီးသီး အလုပ်လုပ်ကြသည်။

လေးနှစ်တာချစ်ခရီးမှာ အနှောင့်အယှက်မရှိ။ အရမ်းချစ်ပါတယ်ဆိုတဲ့ ချစ်သူများထက်ပိုရင်းနှီးခဲ့ကြကာ အနာဂတ်အစီအစဉ်တွေ အများကြီးဆွဲခဲ့ကြသည်။

အနာဂတ်ကို ကြိုမသိခဲ့ပေမယ့်ပေါ့.....

.....

Chanyeolတို့ရုံးနားက ကော်ဖီဆိုင်တစ်ခုမှာ Chanyeolနဲ့ Baekhyunမျက်နှာချင်းဆိုင်ထိုင်နေကြသည်။
"Baekရဲ့ အနီးဆုံးမှာပဲ ထိုင်ချင်တာ'' ဆိုပီး ဘေးချင်းကပ်ထိုင်နေကျက မျက်နှာချင်းဆိုင်ထိုင်နေရတာမို့ နည်းနည်းတော့ဝေးနေသလို။

Baekhyunရှေ့က စတော်ဘယ်ရီဖျော်ရည်လေးက ကုန်နေပီဖြစ်သလို  Chanyeol ရှေ့ကကော်ဖီပူပူကတော့ တစ်စက်မှမထိရသေးဘဲ အေးစက်နေလောက်ပီ။

လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက် ဒူးခေါင်းနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ပွတ်လိုက်နဲ့ Chanyeolတစ်ယောက် ဂနာမငြိမ်ဖြစ်နေသည်။
တစ်ခုခုကို ပြောရခက်နေပုံ။

ခုရက်ပိုင်း ညစာအတူမစားဖြစ်တဲ့ကိစ္စကြောင့်များလား...
အိမ်ပြန်နောက်ကျတဲ့ကိစ္စကြောင့်များလား...
ညနက်ထိဖုန်းပြောတဲ့ကိစ္စကြောင့်များလား...

EX (Zawgyi+ Unicode)Where stories live. Discover now