Part 15

11.2K 1.3K 61
                                    


အသိစိတ်က နေရတာ မသက်သာသော်ငြား
မသိစိတ်ကတော့ သက်တောင့်သက်သာ ဖြစ်နေတယ်ထင်ပ။ အရင်နေ့တွေကထက်ပင် အိပ်ရေးဝကာ မနက်နိုးလာသည်များ ကြည်ကြည်လင်လင်ဖြစ်နေသည်။

ရင်းနှီးနေကျ အခန်းအနေအထားအရ ခြေလှမ်းတို့က စေခိုင်းစရာမလို ရေချိုးခန်းဆီ ဦးတည်နေပီးသား။

မနေ့အစောရေချိုးလိုက်ခြင်းကြောင့် စိတ်ကြည်လင်ကာ လန်းဆန်းပေါ့ပါးသွားရသည်။

အကျင့်ဖြစ်နေကျ လက်အစုံက အိပ်ခန်းထောင့်က အဝတ်ထားသည့်နေရာကို လက်လှမ်းပီးသား။

အဝတ်အစားလည်း မပါသည်မို့ Chanyeolအဝတ်အစားတွေထဲက အဆင်ပြေမယ့်တစ်စုံကို ထုတ်လိုက်သည်။

နောက်ပီး...
သတိထားမိသည်က အင်္ကျီတွေရှုပ်ပွနေခြင်း။
အမြဲတမ်း အင်္ကျီတစ်ခါလဲလျှင် စိတ်တိုင်းကျသည်အထိ တစ်ထည်ပီး တစ်ထည် ဝတ်ကြည့်တတ်သည်။ စိတ်ကြိုက်တွေ့ပီဆိုလျှင်လည်း ဝတ်ကြည့်ပီးသားအဝတ်တွေကို လုံးထွေးထည့်ကာ ဘယ်တော့မှသပ်သပ်ရပ်ရပ် ပြန်ခေါက်လေ့မရှိ။ Park Chanyeol အကျင့်ကမပြောင်းသေးဘူးထင်ပ အင်္ကျီအဝတ်အစားတွေ ရှုပ်ပွလွန်းနေသည်။

အရင်ကဆို Chanyeol ဖွသမျှကို Baekhyunကပဲ အမြဲရှင်းလင်းပေးရသည်။
အမြဲလုပ်ဖြစ်နေသည့် အကျင့်တို့ကလည်း ဖျောက်ရခက်လွန်းသည်။ ကိုယ့်ကိုကိုယ်မသိလိုက်ခင်မှာပဲ Chanyeolရဲ့ ရှုပ်ပွနေသည့် အဝတ်ပုံကြီးကို သပ်သပ်ရပ်ရပ်ပြန်ခေါက်ပေးနေမိသည်မှာ တီရှပ်နှစ်ထည်လောက်ပဲ ကျန်တော့သည်လေ။

အိပ်ခန်းထဲက ထွက်လာပီဆိုကတည်းက နှာခေါင်းဝကို ရောက်လာတဲ့ အရသာရှိတဲ့ အနံ့မွှေးမွှေးကြောင့် ဗိုက်ကအတော်ဆာလာသည်။
သေချာသည်ကတော့ Park Chanyeolသည် အချက်အပြုတ်မကျွမ်းကျင်။
Ommonyiများရောက်လာပီလား?

'အယ် Baekhyunလေးနိုးလာပီလား?
လာ...လာ...သားလေး မနက်စာပြင်ထားပီးပီ လာစားတော့ သားလေးလာ'

"Ommonyi ဘယ်အချိန်က ရောက်တာလဲ?
ကျတော် အိပ်ယာထနောက်ကျနေတာနဲ့ လာမကြိုဖြစ်လိုက်ဘူး''

"ကိုယ်သွားကြိုတာလည်း မဟုတ်ဘူး Baekရဲ့ ommaက Taxiစီးပီးလာလို့ ကိုယ်တောင်ပြောနေတာ လာကြိုဖို့ ဖုန်းမဆက်လို့''

EX (Zawgyi+ Unicode)Where stories live. Discover now