Part 6

13.8K 1.5K 130
                                    


baekhyunee_bbh just posted a photo

ရုံးပိတ်ရက်မို့ NaNaနဲ့ မနက်စာစားနေရင်း ig သုံးနေတုန်း noti ယူထားသော တစ်ခုတည်းသော accလေးတစ်ခုက noti တက်လာသည်။

ဒီနေ့ ရုံးပိတ်ရက်တော့ NaNaကို အချိန်ပေးမည်ဟု ကတိပေးထားရသည်။

Baekhyun အိမ်ကထွက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်၍ အနည်းငယ်စိတ်ရှုပ်နေသောကြောင့် Chanyeol မှာပူပူနွေးနွေး ရည်းစားလေးကို ဂရုမစိုက်အား။

ဟိုတစ်နေ့ကလည်း Baekhyun က USB လာပေးမည်ဆို၍ အလိမ္မာနည်းသုံးကာ ပထုတ်လိုက်သည်ကိစ္စကို NaNa က Chanyeolကို ကျေနပ်မည်မဟုတ်။

ထိုနေ့က Baekhyun နဲ့ အေးအေးဆေးဆေး စကားပြောချင်၍ အကြောင်းဖန်ထားပေမယ့် Baekhyun ကတော့ Boss ဆိုတဲ့သူကို ခေါ်လာတာကြောင့် Chanyeolဒေါသထွက်မိသည်။

ထိုနေ့ညက ဖုန်းခေါ်တော့ Baekhyunက ဖုန်းကိုင်ပေမယ့် အဆင်ပြေသည်မရှိလှ။
ဖုန်းချလိုက် ပြန်ခေါ်လိုက်နဲ့ မနက်လင်းခါနီးထိ ကတောက်တဆဖြစ်ကာ စိတ်တိုရသည်ပဲ အဖတ်တင်သည်။ Chanyeol သိချင်သည့် လိုရင်းကို မရောက်လိုက်။

Baekhyun နေတဲ့လိပ်စာနဲ့ သူ့ Bossနဲ့ ဘယ်လိုပတ်သက်လဲဆိုတာ အခေါက်ပေါင်းမနည်းမေးပေမယ့် အဆုံးထိ Chanyeolကို ဖြေမသွား။

နောက်ပီး ''နောက်တစ်ခါ မင်းပစ္စည်းတွေကို မင်းရည်းစားသာ သိမ်းခိုင်း ငါ့လာမသိမ်းခိုင်းနဲ့တော့... ဖုန်းဆက်လိုက် လာပေးခိုင်းလိုက်နဲ့ အလုပ်ကိုရှုပ်တယ်'' တဲ့...

ထိုစကားက Chanyeolကိုယ့်ကိုကိုယ် မထိန်းနိုင်လောက်အောင်ဒေါသထွက်စေသည်။ Baekhyunကို USBလေးလာပေးခိုင်းသည့် ကိစ္စက သူ့ကို အဲ့လောက်အလုပ်ရှုပ်စေတာလား။

တကယ်တော့ အဲတာဟာ အကြောင်းပြချက်တစ်ခုပင် အဓိကက Baekhyunအဆင်ပြေလား ဘယ်မှာနေနေလဲ တွေ့ချင်လွန်း၍သာ ခေါ်လိုက်ခြင်းဖြစ်သည်။

အရင်ကဆို Chanyeolရဲ့ ကိစ္စအားလုံးက Baekhyunရဲ့ ကိစ္စပင်။ Chanyeolရဲ့ အရေးကြီးတဲ့ ပစ္စည်းတော်တော်များများကို စည်းကမ်းရှိသည့် Baekhyunကိုသာ သိမ်းခိုင်းလာသည်မှာ ဘယ်လောက်ကြာပီလဲ။

ခုမှလာပီး ငြိုငြင်တဲ့စကားပြောသည်ကို Chanyeolနည်းနည်းမှ မကျေနပ်။ ရည်းစားသစ်ရတာ ရတာပဲ Baekhyunနဲ့ Chanyeolဆိုတာ ဘယ်တော့ ခွဲနေခဲ့တာ မဟုတ်သောကြောင့် သူငယ်ချင်းထက် ရင်းနှီးတဲ့ ဆက်ဆံမှုမျိုးနဲ့တော့ ဆက်ဆံချင်သေးသည်။

EX (Zawgyi+ Unicode)Where stories live. Discover now