Part 3

12.8K 1.4K 45
                                    


တည်းခိုခန်းရောက်တော့ Baekhyun မနေတတ်။ နေရာအပြောင်းအလဲကြောင့်လား မထင်မှတ်တဲ့ကိစ္စဖြစ်ခဲ့၍လားမသိ တောင်တွေးမြောက်တွေးနဲ့ မအိပ်ပျော်။

တွေးမိသည်ကလည်း Chanyeol အကြောင်းသာ။ လူမှန်းသိတတ်စတည်းက Baekhyunဘေးမှာ Chanyeolအမြဲရှိနေခဲ့သည်။

လူကောင်သေးသည့် Baekhyunကို Chanyeolကအမြဲကာကွယ်ပေးတတ်သည်။ Baekhyunနဲ့ပင် အချိန်ကုန်ဆုံးတာများသည်မို့ Chanyeol အကျင့်စရိုက်တွေကို Chanyeolမိဘတွေထက်ပင် Baekhyunကပိုသိသည်။ Baekhyunနဲ့အနေပိုများသည်မလား။ Chanyeolလည်းထိုကဲ့သို့ပင်ဖြစ်လိမ့်မည်။

ပျော်ရွှင်မှု ဝမ်းနည်းမှု အောင်မြင်မှု ကျရုံးမှု စသည့်အဖြစ်အပျက်တွေများစွာကို နှစ်ယောက်အတူ ရင်ဆိုင်ဖြေရှင်းခဲ့ကြတာချည်းမို့ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်တာထက်ပိုခဲ့သည်။

အခက်အခဲကြုံတိုင်း Baekhyunရှေ့က Chanyeolအမြဲရှိခဲ့သလို့ ဝမ်းနည်းစရာကြုံတိုင်း Chanyeolကို Baekhyunကအမြဲ နှစ်သိမ့်ပေးတတ်သည်။

Chanyeolနဲ့ Baekhyunဆိုတာ အတူရှိမှ အဓိပ္ပါယ်ပြည့်စုံတာမျိုး။

Baekhyunရဲ့ အရေးပါတဲ့ Chanyeolဆိုတဲ့ ဖြစ်တည်မှုကို လွယ်လွယ်နဲ့သူများလက်ထဲမထည့်နိုင်။

Chanyeolမရှိလျှင် Baekhyunဆိုတာ အဓိပ္ပါယ်မရှိတော့။

Baekhyunရဲ့အားသာချက်က အရာရာကို ခေါင်းအေးအေးထားပြီးဖြေရှင်းတတ်တာမျိုး။ Chanyeolလိုသွေးဆူမလွယ်။

ခဏတာ စိတ်ယိုင်မှုတစ်ခုလို့ သတ်မှတ်ထားတာကြောင့် ခုချိန်မှာ Chanyeolကို Baekhyunလွှတ်ပေးထားမည်။

Chanyeolအနားမှာ အမြဲသည်းခံ တွယ်ကပ်ကာ နေတတ်သည့် Baekhyunက ခုလို ချက်ချင်းထွက်လာတာကို Chanyeolထင်ထားမည်မဟုတ်။

Baekhyunမရှိလျှင် မနေတတ်တာ Chanyeolမလား။

လူဆိုတာ တင်းလွန်းရင်ပြတ်တတ်သည်။ လိုက်လွန်းရင် ပြေးတတ်သည်။

ထို့ကြောင့် Baekhyunခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
သေချာသည်ခုချိန် Chanyeol ပူလောင်နေလိမ့်မည်။

Chanyeolအကျင့်တွေ အကုန်သိသည့် Baekhyunအတွက် ဒီပွဲမှာ အေးရာအေးကြောင်းကစားကာ Baekhyunနားကို ပြန်လာစေရမည်။

EX (Zawgyi+ Unicode)Where stories live. Discover now