အဖြစ်အပျက်တွေဟာ မြန်ဆန်လွန်းသည်။မိနစ်ပိုင်းအတွင်းဖြစ်ပျက်သွားရသည်က ယုံနိုင်စရာပင်မရှိ.....
အကယ်၍....
ကြိုသိခဲ့မယ်ဆိုရင် Baekhyunသည် ထိုနေရာကို မသွားခဲ့သော မိနစ်ပိုင်းဆီ ပြန်ရောက်ချင်သည်။Chanyeolသည်လည်း ထိုမိနစ်ပိုင်း ....
မဟုတ်ဘူး.....
လွန်ခဲ့သော မကြာခင်က အဆုံးအဖြတ်မှားခဲ့သော အချိန်အပိုင်းအခြား တစ်ခုဆီ ပြန်ရောက်ချင်မိသည်။ထိုအချိန်မှာ တွေ့ကြုံခဲ့ရသည့် သူမကို လျစ်လျူရှုကာ နဂိုရေးဆွဲထားသော ဘဝရှေ့ရေးအတိုင်းသာ ရှေ့ဆက်မိမည်။
Baekhyunတစ်ယောက်တည်းသာ အနီးဆုံးမှာထားပြီး......သို့သော်လည်း....
စီစဉ်ထားသလို မဖြစ်တတ်တာ...
မထင်မှတ်ထားတာတွေ ကြုံလာတတ်တာကိုက ဘဝပဲမလား.....ယူကြုံးမရရုံ...
နောင်တရရုံနဲ့ ဖြေသိမ့်နေရသည့် ဘဝတွေက ခါးသီးလွန်းလှသည်။________________
အံသြထိတ်လန့်သော အာမေဋိတ်သံတွေ.....
ငိုရှိုက်သံတွေ.....
စူးရှနေသော အကာအကွယ်မရှိတော့သော မီးရောင်.....
မီးရောင်ကြောင့် သတိလွတ်မတတ်ဖြစ်နေသော မျက်လုံးတွေကို ဆတ်ခနဲ မှိတ်မိသည်။
တင်းကျပ်လွန်းနေသော အနေအထားကြား အားတင်းကာ မျက်လုံးပြန်ဖွင့်လိုက်သည်။
နီးကပ်စွာ ထပ်မြင်နေရသော ကားမီးရောင်....
ပြန့်ကျဲနေသော မီးသီးကာဗာအပိုင်းအစတွေကြောင့် မီးရောင်တို့က ပိုစူးရှနေတာဖြစ်မည်။ကားတစ်စီးလုံးတိုက်မိတာ သိသည်။
နာကျင်ရုံလောက်သာမို့ အားတင်းကာ ထလိုက်ပေမယ့် ဘယ်လိုမှ ရုန်းထွက်မရ။ထိုအခြေအနေကြီးက မွန်းကျပ်စရာကောင်းလှသည်။
ထပ်ရုန်းကြည့်သည်။
မရ။ထို့ကြောင့်.....
ကားမီးရောင်ဘက်မဟုတ်သည့်ဘက်ကို အကြည့်တို့ပို့လိုက်တော့....
အမြင်အာရုံ ပြာတာတာ ဝါးတားတားကြားမှာ မျက်ရည်တွေ ဝေနေသည့် Ommaကို ဝိုးတဝါးလှမ်းတွေ့လိုက်သည်။
YOU ARE READING
EX (Zawgyi+ Unicode)
Fanfictionချစ်နေဆဲ.... မြတ်နိုးနေဆဲ.... လိုအပ်နေဆဲပါပဲကွာ.....