Part 20

10.6K 1.3K 59
                                    


"Cheer! "

ခွက်တိုက်ပီးပီးချင်းမှာ ငုံသောက်လိုက်တဲ့ ဘီယာတစ်ငုံက လည်ချောင်းထဲအေးကနဲ ဖြတ်ဆင်းသွားသည်။

ရာသီဥတုကြီး သာယာနေသည်။

အလုပ်တွေပီးသွား၍လည်း ခေါင်းရှင်းကာ ပိုပီးသာယာနေသည်။

စိမ့်တိမ့်တိမ့်နဲ့ပျင်းစရာ ကောင်းသော ရာသီဥတုကြီးမှာ ဘီယာသောက်ရင်း ဇိမ်ခံနေရသည်က ဘာနဲ့မှ မလဲနိုင်ပေ။

ရုံးဖွင့်ရက်ကြီး သူများတွေ အလုပ်လုပ်နေချိန် Baekhyun နဲ့ Bossတို့က ဘီယာသောက်ပီး ငြိမ့်နေရ၍ ပိုပီးသာယာနေသည်။

ဒီတစ်ခေါက် Webtoonက အောင်မြင်၍ အမြတ်ငွေက အရင်ကထက်ပိုရသောကြောင့် Bossတို့ ကျေနပ်နေသလို.....
အလုပ်ပီးရင် အပျင်းကြီးပီး အနားယူတတ်သော Baekhyunကလည်း လစာထုတ်ပီးပီမို့ အေးရာအေးကြောင်းပင်။

သူ့အရပ်နဲ့သူဇာတ်ကိုက်နေသော Bossတို့နှစ်ယောက်က .....
Baekhyunက အမြည်းအနေနဲ့ အသားခြောက်ကင်ရယ် ဆလတ်သုတ်ရယ် လုပ်ပေးပီး....
Bossကတော့ သူ့အိမ်မှာရှိတဲ့ ဘီယာသံဘူးတွေထုတ်ကာ ပျင်းရိဖွယ်နေ့လည်ခင်းကို သာသာယာယာဖြတ်သန်းနေကြသည်။

အရင်ကသောက်လေ့သောက်ထသိပ်မရှိသော Baekhyunက Bossအိမ်ရောက်လာမှ တော်တော်လေးသောက်ဖြစ်လာသည်။

Bossမြူစွယ်ကောင်းတာလည်းပါသလို အစပ်အဟပ်တော်လို့လည်းဖြစ်မည်။

ဘာပဲဖြစ်ဖြစ် အရင်ကထက်တော့ ပိုသောက်ဖြစ်လာသလို ပိုလည်းကြိုက်လာရသည်။

ခုဆို အားတိုင်း သောက်ဖို့ချည်းပဲ တွေးနေတတ်သည်။

အဲလိုသောက်ပါများလာတော့ Baekhyun မျက်နှာလေးတွေ ဖောင်းလာကာ ဗိုက်ကလေးလည်း မဆိုစလောက်ပူလာသလိုပင်။

အတူတူသောက်သော Bossရော ဝလာသလားလို့မမေးပါနဲ့။

နဂိုထဲက ပဲများတတ်သောBossက လေ့ကျင့်ခန်းကို မပြတ်လုပ်သည်။

ချစ်သူနဲ့ဝေးနေရ၍ လွမ်းဆွမ်းနေတာတောင် အလှအပမပျက်ရေးအတွက် Gymကစားတာကို တစ်နေ့မှ အပျက်မခံ။

အဲ့တော့ Bossက ဘယ်လောက်သောက်သောက် ချပ်ရပ်တောင့်တင်းပြီး အမြဲကြည့်ကောင်းနေတတ်သည်။

EX (Zawgyi+ Unicode)Where stories live. Discover now