Part 4

12.3K 1.4K 69
                                    

မနက် 7နာရီလောက်တည်းက Baekhyunတို့ကုမ္ပဏီရှေ့ Chanyeolရောက်နေသည်။

ညက သုံးနာရီလောက်သာ အိပ်ပျော်သော်လည်း Baekhyunကို မတွေ့လိုက်မှာစိုး၍ အစောကြီးလာစောင့်နေခြင်း။

တစ်ညလုံး ခေါ်နေတဲ့ ဖုန်းတွေ msgတွေကို ဂရုမစိုက်တဲ့အပြင် ဖုန်းတောင်ပိတ်ပစ်သေး။

ကိုယ့်အလွန်ဆိုတာသိသော်လည်း Baekhyunကိုမျက်စိရှေ့မှာတင် ထားချင်သည်။
ရည်းစားသဘာဝ အသစ်တွေ့ရင် အဟောင်းပစ်ရမှာ သိပေမယ့် Baekhyunကိုတော့ မရက်စက်နိုင်။

အဓိကက Chanyeolမပြတ်သားတာပင်။

အမြဲလိုလို Chanyeol ကာကွယ်ပေးခဲ့တဲ့ Baekhyunက Chanyeolနားမှာပင် ဆက်၍နေလိမ့်မည်ဟု Chanyeol ထင်ခဲ့သည်။

Baekhyunကို အထင်သေးခဲ့မိသည်။

ခုတော့ Baekhyunက ဦးအောင်ထွက်သွားကာ ဂဂျိုးဂဂျောင်ကျန်ခဲ့တာ Chanyeolပင်။
ပူပူနွေးနွေး ရည်းစားကို ခေါင်းထဲမထည့်မိသေး ရည်းစားဟောင်းကိုသာ စိတ်ပူပီးလိုက်ရှာနေမိသည်။

Chanyeolအဖြစ်ကိုသိလျှင် ရည်းစားဟောင်းက လှောင်ကာ ရည်းစားအသစ်က မကျေနပ်မှာကျိန်းသေပင်။

ခုတော့ ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို Iced Americano တစ်ခွက်နဲ့ မနည်းပြူးအောင်လုပ်နေရသည်။
လက်တစ်ဖက်က ကော်ဖီခွက်ကိုင်ကာ ကျန်လက်တစ်ဖက်က ဖုန်းကိုင်ကာ Baekhyunကို အဆက်မပြတ်ခေါ်နေမိသည်။

ငိုက်မြည်းလာတဲ့ မျက်လုံးတွေမှိတ်သွားလိုက် လက်ထဲကဖုန်းကလည်း အောက်ကိုလွှတ်ကျလို့ပြန်ကောက်လိုက်နဲ့ သံသရာလည်နေသည်။

ပါးကို ခပ်စပ်စပ်ရိုက်ကာ Baekhyunကို မလွှတ်သွားအောင်လည်း လှမ်းကြည့်ရသေးသည်။

ကားထဲတွင် Chanyeol တစ်ယောက်တည်း ကမ္ဘာပျက်နေသည်။

အရင်ကဆို အိပ်ယာထနောက်ကျသည့် Chanyeolအတွက် Baekhyunက မနက်စာ အလုပ်သွားရင်ဝတ်ဖို့ အဝတ်အစားကအစပြင်ပေးထားသည်။

Chanyeolက အေးရာအေးကြောင်း ရေလေးချိုးကာ မနက်စာလေးစားပီး အလုပ်သွားရုံပင် ။ ခုတော့ မနက်စာမပြောနဲ့ ရေတောင်မချိုးခဲ့ရ။ Baekhyunကိုမတွေ့ရမှာစိုး၍ အသည်းအသန်ထွက်လာရခြင်း။

EX (Zawgyi+ Unicode)Where stories live. Discover now