Part 21

10.7K 1.3K 42
                                    


Ring ~ ring~ ring ~~~

စားပွဲပေါ်က အဆက်မပြတ်မြည်နေသော ဖုန်းလေးကိုကြည့်ကာ Sehun သက်ပြင်းချလိုက်မိသည်။
ကိုယ့်ဖုန်း မဟုတ်၍ ကိုင်လိုက်လို့လည်း မဖြစ်။

ဘေကျင်းရောက်တာ နှစ်ရက်ရှိပီ ဖြစ်ပေမယ့် ခုချိန်ထိ Luhan နဲ့ မတွေ့ရသေး၍လည်း Sehun စိတ်အချဉ်ပေါက်နေသည်။

Ring ~ ring

ထပ်မြည်လာပြန်တဲ့ ဖုန်းသံကြောင့် အနှောင့်အယှက်ဖြစ်ရပြန်သည်။

ဟို Baekhyun ကလည်း Toilet ဝင်တာပဲ ဖုန်းယူမသွားဘူး။
အချိန်အားတိုင်း ဖုန်းခေါ်နေသည့် သူ့ဘဲကြီးအကြောင်းလဲ သိရက်သားနဲ့။

အဆက်မပြတ်မြည်နေသော ဖုန်းကို စိတ်ပျက်သလို ကြည့်လိုက်မိသည်။
အကြောင်းရှိလို့ မကိုင်တာပေါ့။ Missed call တွေ့ရင် ပြန်ခေါ်လေ့မယ်ပေါ့ ခုတော့ မကိုင်မချင်း ခေါ်နေအုံးထင်သည်။

ထပ်မြည်လာတဲ့ ဖုန်းကို အလျင်မြန်ကိုင်လိုက်တာမို့ နားငြီးစရာကောင်းသော ringtone အသံကို မကြားရတော့။

'Hello!'

စိတ်ရှုပ်နေသည်မို့ ဖုန်းထူးသံက အနည်းငယ် မာသွားလားတော့ မပြောတတ်ပေ။

"Baekhyunရဲ့ ဖုန်းလေ... ခုက ဘယ်သူတုန်း?''

သွားတာမှ နှစ်ယောက်တည်းကို....
သိသိရက်နဲ့ ကပ်သပ်မေးနေသည့် Chanyeolကြောင့် မရှည်ချင်တော့သည့် စိတ်တွေကို အတင်းဆွဲဆန့်ထားရသည်။

'Sehun ပါ.... Baekhyun က toilet ဝင်နေလို့ ဖုန်းက ကျန်ခဲ့လို့ပါခင်ဗျာ့'

"ခုက ဘယ်မှာတုန်း??''

'ဟိုတယ်မှာပါ'

"အော်.....''

'Baekhyun ထွက်လာရင် ဖုန်းပြန်ခေါ်ခိုင်းလိုက်ပါ့မယ်'

Chanyeolက ဆက်ပီးပြောနေသလားတော့ မသိ။
Sehun ကတော့ စကားစအမြန်ဖြတ်ကာ ဖုန်းချလိုက်သည်။

မနက်ဆယ်နာရီ ထိုးနေပီ။ အိပ်ယာမထသေးသော Baekhyunကို လာနိုးရ၍လည်း Sehun သိပ်မကျေနပ်။

ကိုယ့်မှာတော့ မတွေ့ရတာကြာပီ ဖြစ်သော ချစ်သူလေးကို လာတွေ့ကာမှ အဆင်မပြေဖြစ်၍ စိတ်ရှုပ်နေရသော်လည်း Baekhyun ကတော့ အပန်းလာဖြေတယ်များ ထင်နေလားမသိ။

EX (Zawgyi+ Unicode)Where stories live. Discover now