Part 17

11.9K 1.3K 81
                                    


*အတ္တကို ပါကင်လှလှထုတ်ပိုးပီး ငါ့ဆီပို့ပေးတဲ့ချစ်သူ.....
ငါကလွှဲလို့ ဘယ်သူ့မှ မချစ်ရဘူးတဲ့....
မင်းရင်ခွင်ထဲက ငါမဟုတ်တဲ့သူကရော....
ငါ့ဆီပို့ပေးတဲ့ မင်းရဲ့အတ္တကို သိရောသိရဲ့လား?*

"အဟက် 😏''

အသံထွက်ကာ အော်ရီလိုက်ချင်ပေမယ့် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်လေး အနှောင့်အယှက်ဖြစ်မဆိုးလို့.....

Ommonyiကို ကားဂိတ်လိုက်ပို့ပီးအပြန် မနက်စာဝင်စားရင်း ကော်ဖီဆိုင်တစ်ခုမှာ ထိုင်ကြခြင်း....

အရသာရှိလှတဲ့ ကော်ဖီ အစားအစာမျိုးစုံအပြင် စာအုပ်လေးတွေပါ ထားပေးထားတော့ အေးရာအေးကြောင်းဆိုင်ထိုင်ချင်သူတွေ အတွက် အထူးသင့်လျော်သည်။

Baekhyunကတော့ မျက်နှာချင်းဆိုင်မှာထိုင်ပီး ကော်ဖီခွက်ကိုင်ရင်း ကိုယ့်ကို တစိုက်မတ်မတ်ကြည့်နေသည့် Chanyeolနဲ့ အနေအထားကို ရှောင်ချင်၍ တွေ့ရာစာအုပ် ကောက်ယူလာခြင်းဖြစ်သည်။

ပထမစာမျက်နှာမှာတင် Baekhyunကို အသံထွက်ရီမိသည်အထိ စွဲဆောင်နိုင်... no..no...မဟုတ်ဘူး အပျင်းပြေစေတဲ့ စာအုပ်လေး.....

ဖွင့်ထားတဲ့ စာအုပ်ကို အသာပိတ်ကာ မျက်နှာဖုံးကို ကြည့်မိတော့....
*ချစ်သူဟောင်းတို့၏ဒဿနများ*

"အဟက်....''

နောက်တစ်ကြိမ်ရီမိတော့ Chanyeolက မျက်မှောင်ကြုတ်ကြည့်သည်။

"Baek ဖတ်နေတာ ဟာသစာအုပ်လား?''

"မဟုတ်ပါဘူးကွာ''

ခေါင်းရမ်းငြင်းတာတောင် ရယ်နေမိသည့် Baekhyunကို Chanyeolကအူကြောင်ကြောင်ကြည့်နေသည်။

ဪ.....
Byun Baekhyunဆိုတဲ့ ငါလေးဟာ....
မကြည့်ဘဲနဲ့တောင် ကိုယ့်နဲ့ကိုက်ညီတဲ့စာအုပ်ကို ရွေးယူနိုင်ပါ့လားနော်.....

*လက်တွဲဖော် အသစ်တွေ့သွားသည့်တိုင် မင်းကိုတော့ ငါ့ရင်ထဲက တန်ဖိုးအကြီးဆုံး နေရာတစ်ခုမှာ မင်းမူခွင့်ပြုထားတုန်းပဲ*

အလကား....
တန်ဖိုးထားချစ်မြတ်နိုးတယ်ဆို အသစ်ဆိုတာ ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး။

*ငါ့ဘေးက ချစ်သူလေးတော့ အားနာပါရဲ့....
သူ့ကို ဘေးမှာထားပီး ငါလမ်းခွဲခဲ့တဲ့ မင်းကိုရူးလောက်အောင် တွေ့ချင်နေမိလို့....*

EX (Zawgyi+ Unicode)Where stories live. Discover now