Part 26

12.3K 1.1K 87
                                    


"Boss ကော်ဖီ ''

Baekhyun ကမ်းပေးသော ကော်ဖီခွက်လေးကို လှမ်းယူလိုက်ပြီး Sehun တစ်ကျိုက်ငုံသောက်လိုက်တော့ ကော်ဖီပူပူက လည်ချောင်းထဲသို့ နွေးကနဲ။

ဆောင်းနံနက်ခင်းတွေနဲ့ ကော်ဖီပူပူဟာ အလွန်ပနံသင့်လှသည်။

"Bossကလည်း ဒီမှာတည်းပါဆို မတည်းဘူး''

Sehun ဘေးက ခုံနေရာလေးမှာ Baekhyun ဝင်ထိုင်ရင်း စကားဆိုသည်။
အကြည့်တွေကတော့ Sehunဆီရှိမနေ။ မှန်ပြတင်းကို ကျော်လွန်ကာ Baekhyunသည် ဘာကို ငေးကြည့်နေမှန်းမသိ။

'မင်းတို့ အနှောင့်အယှက် ဖြစ်နေမှာ စိုးလို့ပါကွာ'

ကော်ဖီတစ်ငုံ ထပ်သောက်ကာ Sehun ပြောလေတော့ Baekhyun သည် ခပ်ဖွဖွပြုံးပြလေသည်။

ရက်အနည်းငယ်အတွင်းမှာ Baekhyun သည် သိသိသာသာ ပိန်ပါးသွားသလို မျက်ဝန်းလေးတွေသည်လည်း မှိုင်းညို့နေတတ်သည်။ သို့ပေမယ့် အပြုံးလေးတွေတော့ မပျောက်သွားသေးပေ။

အရင်ကထက် တည်ငြိမ်သွားသောBaekhyunကို Sehun သဘောကျပေမယ့်.....
ရွှင်ရွှင်မြူးမြူးမရှိတော့သော Baekhyunကိုတော့ Sehun တကယ်အားမရပေ။

အခုပုံဟာ Baekhyunရဲ့ နဂိုပုံစံမှ မဟုတ်တာ။

'ဟူးးး'

အတွေးထဲက ပူလောင်မှု တချို့ဟာ သက်ပြင်းရှည်အဖြစ် ထုတ်ညည်းမိတော့ အဝေးရောက်နေတဲ့ Baekhyun မျက်ဝန်းတစ်စုံဟာ Sehun ဆီ လှည့်ကြည့်လာသည်။

ဘာစကားဆိုရမှန်းမသိ၍ Baekhyunကိုသာ စိုက်ကြည့်နေမိသည်။

နောက်ဆုံး လက်ကျန် ကော်ဖီ တစ်ငုံကို သောက်လိုက်ပြီး ခွက်ကလေးကို စားပွဲပေါ် အသာချကာ....

'ရေနွေးတစ်ခွက်လောက် သောက်လို့ရမလား Baekhyun'

ခေါင်းညိမ့် ပြုံးပြကာ...
စားပွဲပေါ်မှ ကော်ဖီခွက်ကလေးကို သိမ်းကာ မီးဖိုခန်းထဲ ဝင်သွားသော Baekhyun ကျောပြင်လေးကိုသာ မျက်စိတဆုံးလိုက်ကြည့်နေမိသည်။

'ဟူးးး'

ကိုယ့်စိတ်တိုင်းကျ ရေးဆွဲခွင့်မရှိသော ဘဝတွေက အမြင်ကတ်စရာတော့ကောင်းလှသည်။
လူချင်းတူရင်တောင် ဆန္ဒအတိုင်း ဖြစ်ခွင့်မရှိသော ဘဝတွေကြောင့် ကံကြမ္မာကိုပဲ အပြစ်ပုံချကာ စိတ်ရှိတိုင်းသာ ကျိန်ဆဲဖြစ်ချင်သည်။

EX (Zawgyi+ Unicode)Where stories live. Discover now