Part 9

12.3K 1.4K 68
                                    


အချိန်အားဖြင့် ညဆယ့်တစ်နာရီလောက်ရှိပြီ ဖြစ်သည်။

Jonginပွဲလာတဲ့ သူတွေလည်း Jonginစီစဉ်ပေးတဲ့ ဟိုတယ်ခန်းတစ်ချို့သို့ဝင်ကာ အနားယူနေကြပီဖြစ်သည်။

ပွဲပီးသွားပီဖြစ်၍ ဟိုတယ် မြက်ခင်းပြင်ပေါ်ရှိ ပွဲအပြင်အဆင်တွေပင် ဝန်ထမ်းများကလာရောက်သိမ်းဆည်းနေကြသည်။

သို့သော်လည်း Jongin တို့ဝိုင်းက ထိုင်နေကြဆဲဖြစ်သည်။

တိတ်ဆိတ်တဲ့ ညနက်အချိန်မှာ အတွေးကိုယ်စီနဲ့ ငြိမ်သက်စွာ ထိုင်နေရတာလည်း အရသာတစ်မျိုးပင်။

Kyungsooကတော့ ပင်ပန်းလို့ထင်ပါရဲ့ Jonginပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်နေပီဖြစ်သည်။

"Jongin အထဲဝင်တော့လေ Kyungsooလည်းပင်ပန်းနေပြီကို အားနာစရာကြီး... နောက်ပီးမင်္ဂလာဦးညကြီးလေ''

'ရပါတယ်ကွာ Kyungsooက နားလည်ပေးပါတယ်ကွာ...ငါတို့ဆိုတာ ဒီအချိန်ပဲ အေးဆေးတွေ့ရတာ...နောက်ပီး နောက်နှစ်ရက်လောက်နေရင် ဟန်းနီးမွန်းထွက်မှာပဲကို...'

"အေးပါမင်းအဆင်ပြေရင်ပီးတာပဲ... ငါကအားနာလို့''

Jonginက သူ့ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ Kyungsooခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးရင်း ပြောလေသည်။

ကြည်နူးစရာကောင်းတဲ့ Jonginတို့အတွဲကို ကြည့်ရင်း Baekhyunပြုံးမိသည်။

တစ်ခါတစ်လေတော့လည်းတွေးမိသည်။ အချစ်ကလူကို ပြောင်းလဲစေနိုင်သားပဲလို့။

Jonginတစ်ယောက် ကျောင်းတုန်းက စိတ်မြန်လက်မြန်ရှိကာ ဒေါသလည်းကြီးတတ်သေးသည်မို့ ခုလိုလူတစ်ယောက်ကို ချစ်တတ်သွားလိမ့်မည်လို့ မထင်ခဲ့တာအမှန်။ ခုတော့လည်း Kyungsooကို ချစ်တတ် မြတ်နိုးတတ်လိုက်တာ နှစ်ယောက်မရှိ။

....

'အင်း....
ကျောင်းတက်တုန်းက တကယ်ပျော်စရာကောင်းခဲ့တာနော်....
ဘဝမှာ ပျော်စရာအကောင်းဆုံး အချိန်တွေထဲက တစ်ခုဆိုလည်းမမှားဘူး...
ခုများ ပြန်လိုချင်ရင်တောင် မရတော့တဲ့အချိန်တွေ..'

လက်တစ်ဖက်က Kyungsooဆံပင်လေးတွေ သပ်ပေးရင်း မျက်လုံးတွေကိုတော့ ညကောင်းကင်ယံကို အကြည့်ပို့ထားရင်း Jonginက ဆွေးဆွေးမြည့်မြည့်ပြောလေသည်။

EX (Zawgyi+ Unicode)Where stories live. Discover now