Part 24

10.2K 1.2K 78
                                    


တစ်​စုံတစ်​ခု ပိ​တ်​ဆို့ထားသလို ရင်​တစ်​စုံလုံး တင်းကျပ်​​နေသည်​။
မလူးသာ မလွန့်​သာ အ​ခြေအ​နေက​နေ ရုန်းထွက်​ရန်​ ကြိုးစား​သော်​လည်း မ​လွယ်​ကူ။

ဘေးပတ်​ဝန်းကျင်​က အသံ​တွေ ရင်းနှီးစွာ ကြား​နေရသည်​။
ထိုပတ်​ဝန်းကျင်​ထဲ ကိုယ်​ပါလိုက်​ပါ စီး​မြောချင်​​နေမိသည်​။
နောက်​ထပ်​တစ်​ကြိမ်​ ကြိုးစားရုန်းကြည့်​သည်​။

ကိုယ့်​အဖြစ်​က နီး​နေလျက်​နဲ့ ​ဝေး​နေရသူတစ်​​ယောက်​လို ....
ကိုယ့်​အဖြစ်​ကို မ​ကျေမနပ်​ဖြစ်​လာရကာ ပို၍ပင်​ မွန်းကျပ်​လာရသည်​။
နောက်​ပီး ​မှောင်​ပိတ်​​နေသည်​။

ရင်းနှီး​နေ​သော အသံ​တွေကြား အတင်းပင်​ ဝင်​​ရော​နှော​နေချင်​သည်​။

အသိစိတ်​ တဝက်​နဲ့ ဆု​တောင်း​နေမိသည်​က ကျွန်​​တော်​ လွတ်​​မြောက်​ချင်​တယ်​။ ဘာမှန်းမသိ​သော အ​မှောင်​ထုကြားက လွတ်​​မြောက်​ချင်​တယ်​။

နောက်​ပီး .....
ကျွန်​​တော်​ အရမ်းလွမ်းတယ်

__________________________________

လေးရက်​​မြောက်​​သော​နေ့.....
အတိအကျ သုံးညနဲ့တစ်​မနက်​။

မနက်​ ဆယ့်​တစ်​နာရီ.....

နိုဝင်​ဘာလ​ရဲ့ ​နောက်​​ဆုံး​နေ့ ....
မနက်​ဖြန်​ဆို ဒီဇင်​ဘာလကို အစပြု​လေပြီ။

ယ​နေ့မှာ အ​အေးချိန်​​လျော့ကျမည်​ဖြစ်​​ပေမယ့်​ မနက်​ဖြန်​​တော့ နှင်းကျမည်​တဲ့။
ပထမဆုံး နှင်းကျရက်​ကို ချစ်​ရသူနဲ့ ဖြတ်​သန်းချင်​မိတာ ချစ်​သူတိုင်းရဲ့ ဆန္ဒတစ်​ခု။

ငါလည်း မင်းနဲ့အတူ ဖြတ်​သန်းချင်​တယ်​။

ဒီ​နေ့မှာ တကယ်​လည်း ရာသီဥတုက သာယာ​နေသည်​မို့...
နေ​ရောင်​နုနု​လေးက မှန်​ပြတင်းက​နေ အခန်းတွင်းဖြာကျ​နေ​လေသည်​။
လိုက်​ကာစကို အသာလှစ်​ဟထားသည်​မို့ ခုတင်​ထက်​က ​အေးချမ်းစွာ တည်​ရှိ​နေ​သော ​ကောင်​​လေးအ​ပေါ် ​နေ​ရောင်​နုနုက ဖြာဆင်း​နေသည်​။

EX (Zawgyi+ Unicode)Where stories live. Discover now