Part 12

11.8K 1.4K 54
                                    


"အား...ကျစ်...''

အိပ်ယာကနိုးလို့ မျက်လုံးနှစ်လုံးလုံး ပွင့်ပီဆိုတာနဲ့ ဇတ်ကနဲ ထမိလေတော့ အရင်နေ့တွေကလို ကြည်လင်မှု မရှိသည်မို့ အိပ်ယာပေါ် ပြန်လှဲချကာ မျက်လုံးတွေပြန်မှိတ်ထားမိသည်။

ခေါင်းတွေနောက်နေသည်မို့ နားထင်နှစ်ဖက်ကို လက်နဲ့အသာဖိကာ မှိန်းနေရင်း ညကဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ အစီအရီခေါင်းထဲရောက်လာတော့ နောက်တစ်ခါ ထပ်ပီး လှဲနေရမှ ဇတ်ကနဲ ထမိပြန်သည်။

"အား.....ကျစ်....''
ဒုတိယ အကြိမ်ထပ်ပီး ယိုင်နဲ့သလို ဖြစ်သွားရသည်မို့ ဟန်ချက်ပြန်ထိန်းကာ ရေခဲသေတ္တာရှိရာသို့ ဖြေးဖြေးချင်းသွားရသည်။

ခေါင်းနောက်နေပေမယ့် ထပ်ပီးအိပ်နေလို့မဖြစ်တော့။

သံပုရာသီးတစ်လုံးကို အရည်ညှစ်ပီး ရေအနည်းငယ်ရောကာ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။

"အား ပါး ပါး...ချဉ်လိုက်တာ''

အချဉ်ဓာတ်က တကိုယ်လုံးစိမ့်ဝင်သွားကာ မျက်နှာကြီးရှုံ့မဲ့ သွားရပေမယ့် ခေါင်းကတော့ အနည်းငယ်ကြည်လင်လာသည်။

နာရီကို တစ်ချက်ကြည့်မိတော့ မနက်ရှစ်နာရီ။
အင်း.....
ဒီအချိန်တော့ Boss မနိုးလောက်သေးပါဘူး။

ကိုယ့်အနံ့တွေနဲ့တင် မွန်ထူနေသည်မို့ ရေချိုးခန်းထဲဝင်ကာ ရေအမြန်ချိုးရသည်။

ရေအေးအေးနဲ့ ထိတွေ့လိုက်ရသည်မို့ အနည်းငယ် ပို၍လန်းဆန်းလာသည်။

ရေကို ဇိမ်နဲ့လည်းချိုးလို့ မဖြစ်သေး ညကအရှုပ်တွေကို Boss မနိုးခင်သွားရှင်းရအုံးမည်။

မနေ့က ဟိုကောင် Park Chanyeolရဲ့ စော်နဲ့တွေ့ပီးပြန်လာတည်းက စိတ်မကြည်။

နောက်ပီး NaNa လာတွေ့တာကို မသိလိုက်ဘူး။
သိရင်တားပေးပါတယ်။
ဒေါသလည်းအရမ်းမထွက်နဲ့အုံး။
NaNaကို သူလွှတ်လိုက်တာမဟုတ်ဘူး။
တောင်းပန်ပါတယ် နဲ့ တောင်စဉ်ရေမရ လွှတ်နေသည့် Chanyeolရဲ့ စကားတွေက Baekhyunကို ပို၍စိတ်တိုလာစေသည်။

အရာရာကို မပြတ်မသားနဲ့ လိုရင်းမရောက်သော Chanyeolကို စိတ်ရှိလက်ရှိသာ ထုရိုက်ပစ်ချင်သည်။

EX (Zawgyi+ Unicode)Where stories live. Discover now