Part 10

11.5K 1.3K 61
                                    


'တာဝန်ခံကြီး ဘူဆန်ဘက်သွားရမှာဆို?'

"ဟုတ်တယ် မနက်ဖြန်ထွက်ဖြစ်မယ်''

Tea Time ချိန်မို့ နားနေခန်းမှာ ကော်ဖီတစ်ခွက်သောက်ရင်း တခြားဌာနက အသိတစ်ယောက်နဲ့ စကားစမြည် ထိုင်ပြောဖြစ်သည်။

ဘူဆန်မှာ ကုန်စည်ပြပွဲ ကျင်းပမည်မို့ Chanyeolတို့ ကုမ္ပဏီက စားသောက်ကုန်အချို့လည်း ပြသဖို့ရှိသည်။

အရောင်းတာဝန်ခံ ဖြစ်သည့် Chanyeolကို ဥက္ကဌကြီးက တာဝန်ပေးသည်မို့ မနက်ဖြန် စနေနေ့ပင်ဖြစ်သော်လည်း ဘူဆန်ဘက်ကို သွားရမည်ဖြစ်သည်။

ဝန်ထမ်းသုံးယောက်လောက်ပါမည် ဖြစ်သော်လည်း Chanyeolက ဦးဆောင်ရမည်ဖြစ်တာကြောင့် လိုအပ်သည်များကို စစ်ဆေးနေရသည်မို့ ညဘက်နောက်ကျမှသာ အိမ်ပြန်ဖြစ်သည်။

တစ်နေ့လုံးပင်ပန်းလာတဲ့ ဒဏ်ကြောင့် ကားတွင်းက aircon ကို ပိတ်လိုက်ပီး ကားရှေ့ခန်းက မှန်နှစ်ဖက်ကို ချလိုက်သည်။

အလုံးအရင်းနဲ့ ဝင်လာတဲ့ လေထုကြောင့် အေးမြသွားပေမယ့် ရင်ထဲထိတော့ မအေးမြနိုင်။

လည်ပင်းစိသည်အထိတပ်ထားသော ရှပ်အင်္ကျီမှ ကြယ်သီးတစ်ချို့ကို ဖြုတ်လိုက်ပီး ခပ်အေးအေးသာ ကားကို မောင်းနှင်လာခဲ့သည်။

အလျင်လိုစရာမလို အိမ်မှာ စောင့်ကြိုနေမည့်သူမှ မရှိသည်ပဲ။

အရင်ကတော့ ညနက်ရင် မနေရဲသည့် ကောင်လေးကြောင့် ခုလို အလုပ်မှနောက်ကျခဲ့သည်ရှိသော် ဒုန်းဆိုင်းမောင်းနှင်ကာ အိမ်သို့ အမြန်ပင်ပြန်တတ်သည်။

အိမ်ရှေ့ရောက်သည်ထိ ခြံတံခါးကို ဆင်းမဖွင့်သေး။ ယောင်ရမ်းကာ ဟွန်းတီးမိတော့မည့် လက်တို့ကို အမြန်ထိန်းလိုက်ပီး ကားပေါ်မှဆင်းကာ ခြံတံခါးကို ကိုယ့်ဘာသာပဲ ဆွဲဖွင့်လိုက်သည်။

မှောင်မဲနေသည့် အိမ်လေးက လှောင်နေသယောင်။

လကလည်းထိန်ထိန်သာနေသည်မို့ အိမ်ထဲသို့ မဝင်သေးဘဲ ချယ်ရီပင်အောက်က ခုံလေးမှာဝင်ထိုင်လိုက်သည်။

Baekhyunရှိတုန်းက ဒီခုံလေးမှာ မကြာခဏထိုင်ဖြစ်ကြပေမယ့် ခုနောက်ပိုင်း မထိုင်ဖြစ်တော့။

EX (Zawgyi+ Unicode)Where stories live. Discover now