Part 18

10.7K 1.3K 61
                                    


"အခန်းကကျဉ်းပါတယ်ကွာ အိမ်ပဲ ပြန်လာနေပါဆို''

Chanyeolပြောသည်ကို Baekhyun ဘာမှပြန်ပြောမနေဘဲ သောက်လက်စရေသာ ကုန်အောင်သောက်လိုက်သည်။

Baekhyun ယခုနေ,နေသည့် အခန်းလေးကို ပြန်တော့မည်ဆိုတော့ လိုက်ပို့ပေးမယ်ဟု တကျီကျီပြောနေသည့် Chanyeolကို မတတ်သာပဲ ခေါ်လာရခြင်း။

ကိုယ်က မလိုက်နဲ့ပြောလည်း Chanyeolက သူ့ကားနဲ့သူ ဇွတ်တရွတ်လိုက်လာမည့်သူပဲမို့ Baekhyun အထွေအထူးပြောမနေချင်တော့။

ရောက်ကတည်းက အခန်းလေးကို Chanyeolက စေ့စေ့စပ်စပ် လိုက်ကြည့်နေပေမယ့် Baekhyunကတော့ ဆက်တီခုံပေါ် ခြေပစ်လက်ပစ်ထိုင်ကာ ရေတစ်ခွက်ကို အားရပါးရပဲ ထိုင်သောက်နေမိသည်။

နောက်ပီး....
Chanyeolပြန်သွားလျှင် အားရပါးရအိပ်ပစ်မည်။

အိပ်ချင်စိတ်သာ ကြီးစိုးနေသည်မို့ Baekhyunသည်လည်း လန်းဆန်းမနေ။

"ဟင် Baek? Baekက ခြံနဲ့ဝန်းနဲ့ နေချင်တာမလား? ကိုယ်တို့အိမ်လေးကို အရမ်းကြိုက်တာပဲကို ပြန်လာခဲ့တော့လို့''

Baekhyunဘေးက နေရာမှာ ဝင်ထိုင်ကာ Baekhyunကို ကြည့်ပီး တတွတ်တွတ်ပြောနေသည့် Chanyeol....

ဟုတ်သည်။
Chanyeolနေ,နေသည့် အရင်အိမ်လေးကို Baekhyun အရမ်းပဲ နှစ်သက်သည်။

ကြိုက်လွန်းလို့လဲ ထိုအိမ်လေးကို ရောက်ကတည်းက တစ်နေ့ ပိုင်အောင်ကြိုးစားပီး Chanyeolနဲ့ အနာဂတ်မှာ အတူဖြတ်သန်းရန် လေထဲအိမ်ဆောက်ခဲ့ဖူးသည်။

ယခုများတော့ ပျောက်ပျက်လုနီးပါး.....

သေချာတွေးမိရင် ဒီအတောအတွင်း Baekhyunသည် ပေါ့တိပေါ့ပျက်နေ,နေမိသလိုပင်။

အရင်ကတော့ ဒီအိမ်လေးကို တစ်နေ့ငါပိုင်ရမှာပဲဆိုပီး မျှော်လင့်ချက်လေးနဲ့ ပျော်ခဲ့ဖူးသည်။

အခုတော့ Baekhyunအခြေအနေက ဝို့တို့ဝါးတား.....
အိမ်တစ်လုံးပိုင်ဖို့ ကြိုးစားနေသည်မဆိုနဲ့ လက်ရှိနေ,နေသည့် အခန်းတောင် Boss ထားပေး၍ နေ,နေရခြင်း....

အိမ်ပိုင်မပြောနဲ့ ငှါးရမည့်အိမ်တောင် မရှာရသေးသည့် Baekhyunအတွက် မတော်လို့ Bossက နှင်ချလိုက်လျှင် အခြေအနေအရ Park Chanyeolဆီလည်းပြန်မသွားချင်..... သွားစရာနေရာလည်းမရှိသည်မို့ နယ်ပြန်ရမည့် သဘောမှာရှိသည်။

EX (Zawgyi+ Unicode)Where stories live. Discover now