Part 11

12.2K 1.5K 149
                                    


A/N

အမှန်ကလေ A/N ရေးရမှာ အရမ်းပျင်းတာရယ် တစ်ပိုင်းရေးပီးရင် Publishကို တန်းနှိပ်မိတာ
အဲဒါကြောင့် Part 11 မရေးရသေးခင်
နည်းနည်းလေး ပြောစရာရှိလို့ပါ😁

ပထမဆုံး ကိုယ့်ရဲ့ Fic လေးတွေဖတ်မိပီး စိတ်အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်ပေါ်မိပါက
အနူးအညွတ်တောင်းပန်ပါသည်။
လူဆိုတာ အပန်းပြေစရာတစ်ခုအနေနဲ့ ဖတ်ကြတာလေ
သို့ပေမယ့် ကိုယ်ရေးတာက အပန်းမပြေဘဲ စိတ်ကိုပူလောင်မိစေသလို ဖြစ်သွားရင် တကယ်တောင်းပန်ပါသည်။

အမှန်က EXထဲက Chanရဲ့ ကာရိုက်တာကို ဒီထက်ကို အတ္တကြီးချင်သေးတာ
Chanနဲ့ Baekက အရင်က သူတို့အကြောင်းသိနေပီးသား ပတ်ဝန်းကျင်မှာတော့ သူတို့ကြားနှောင့်ယှက်မယ့်သူမရှိဘူးပေါ့လေ။
သို့သော်လည်း ကိုယ်စီ လုပ်ငန်းခွင်ဝင်တဲ့အခါ
နယ်ပယ်မတူတဲ့အပြင် ကိုယ့်နားကို လာကပ်တဲ့သူကလည်းရှိတော့
စိတ်ကစားတာလား ချစ်မိသွားတာလား မသိဘူးပေါ့လေ။
နောက်ပီး အရင်ကသတိမထားမိတဲ့ မြုံနေတဲ့အတ္တစိတ်က ထကြွလာခြင်း။
တစ်သက်လုံးအတူရှိလာတဲ့ချစ်သူကိုလည်း မစွန့်လွတ်ချင် သူမသိအောင်လည်း ခိုးမတွဲချင်။
အသစ်ပေါ်လာတဲ့ ခံစားချက်ကိုလည်း ဆန်းကြည့်ချင်။
နောက်ဆုံးတော့ အားလုံးကို သူ့အနားမှာထားပီး သူစိတ်သူဆန်းစစ်ချင်တာပေါ့လေ။
အဓိကက အတ္တကြီးလွန်းတာပေါ့။
နှစ်ယောက်ထဲက တစ်ယောက်ကတော့ နာကျင်ရမှာပေမယ့် သူကိုယ်တိုင်တော့ မနာကျင်ချင်ဘူးပေါ့လေ။
သူ့စိတ်က ဘယ်သူဆိုတာသေချာတဲ့အခါ ထိုသူကိုပဲ ရွေးမယ်ပေါ့။
အလွန်အကြူးကို အတ္တကြီးလွန်းသူပေါ့။

ကိုယ်က စရေးတာမကြာသေးတော့ တစ်ချို့အရေးအသားတွေက အဆင်ပြေမှာ မဟုတ်မှန်းသိပါတယ်။
ဒါပေမယ့် ကိုယ်စထားပီဖြစ်တဲ့ ဇာတ်လမ်းကို အဆုံးထိသွားရမှာ ကိုယ့်တာဝန်ပဲဖြစ်သည်။

ကိုယ့်စိတ်ကူးနဲ့ စာဖတ်သူတို့တွေးထားတာနဲ့ ထပ်တူမကျခဲ့လို့ စိတ်ကျေနပ်မှု မရခဲ့ပါက
ကျတော့်ရဲ့ ညံဖျင်းမှုကြောင့်ပါ။

လိုအပ်ချက်တွေ အများကြီးရှိတဲ့ ကျတော်ကို ကြိုက်သလောက်ဝေဖန်ပေးပါ။
အကုန်လုံးကို လက်ခံပါသည်။
အဲဒါမှ ကျတော် ဝါသနာပါတဲ့ စာရေးခြင်းက တိုးတက်လာမှာပါ။

EX (Zawgyi+ Unicode)Where stories live. Discover now