Part 19

10.4K 1.4K 126
                                    


ခုရက်ပိုင်း Baekhyun တော်တော်လေး အလုပ်ရှုပ်နေသည်။

ဒီတစ်ခေါက် Webtoonက တော်တော်လေးပေါက်သည်။
လူငယ်တွေအကြားအတော်လေး ရေပန်းစားနေသည်။

ဇာတ်ညွန်းကလည်း ကောင်းလွန်းတော့ Baekhyunတို့လို ဇာတ်ကောင်ရေးဆွဲသူတွေအတွက် ပိုပီးဝန်ပိသည်။

နောက်ပီး ပိုဆိုးသည်က အရင်လို Shortမဟုတ်ဘဲ Series ဖြစ်နေသည်။

ထို့ထက်ပိုဆိုးရွားသည်က သဘက်ခါ Deadline။
Final part တင်ရတော့မည်။

အပျင်းကြီးလာသမျှ နီးမှ တွန်းလုပ်နေရသည်။

Baekhyunရဲ့ လက်ဆွဲတော် Wecom Tabletထဲ ခေါင်းဝင်မတတ် အာရုံစိုက်နေရသည်။

Touch penလည်း ကိုင်ရလွန်းလို့ လက်ထိပ်လေးတွေပင် ချိုင့်ဝင်နေပီလားမသိ။

ကိုယ်က အလုပ်တွေများလို့ စိတ်ရှုပ်ရတဲ့အထဲ Baekhyunပေါင်ပေါ် ခေါင်းအုံးကာ ဂိမ်းဆော့နေသည့် Park Chanyeol သကောင့်သားကြောင့် ပိုစိတ်ရှုပ်ရသည်။

ဘယ့်နှယ့် ကိုယ်ကတော့ နေ့မနားညမအား အလုပ်တွေရှုပ်နေပေမယ့် သူကတော့ ဂိမ်းဆော့ကာ သာယာနေသည်။

Baekhyun အကျင့်က အလုပ်လုပ်ရင် ကြမ်းပြင်ပေါ်ထိုင်ကာ လုပ်ရသည်မှ အားရသည်။

အဲ့တော့.....
အိမ်မှာလာပီး အလေလိုက်နေသည့် Chanyeolက Baekhyunရဲ့ ပေါင်ပေါ် ခေါင်းအုံးကာ ပွတ်သီးပွတ်သပ်နေကာ ဂိမ်းဆော့နေသည်။

"Park Chanyeol အသံလျှော့စမ်း အာရုံနောက်လို့''

"အင်း''

ဒေါက်...

အင်းဆိုတာကတော့ Chanyeolပြန်ဖြေသံ...

ဒေါက်ဆိုတာကတော့ ပေါင်ပေါ်မှာ အိပ်နေရာက ဆတ်ခနဲထကာ Baekhyunရဲ့ မေးဖျားလေးကို လာနမ်းသည့် Chanyeolကို ခေါင်းခေါက်လိုက်သည့်အသံ....

"အ့... နာတယ်လေကွာ''

"မင်း ငြိမ်ငြိမ်နေ.... ဂဂျိုးဂဂျောင်လာလုပ်ရင် တွန်းချလိုက်မှာ..အလုပ်ရှုပ်နေရတဲ့အထဲ''

"ဟုတ်... ငြိမ်ငြိမ်လေးနေမယ်နော်..''

စပ်ဖြဲဖြဲနဲ့ Chanyeolကို လျစ်လျူရှုကာ အလုပ်ထဲပဲ အာရုံစိုက်လိုက်သည်။

EX (Zawgyi+ Unicode)Where stories live. Discover now