Part 27

9.4K 691 117
                                    

ရာသီဥတုက တဖြေးဖြေးနွေးလာပြီဖြစ်သည်။
နွေဦးရောက်ပြီမို့ အပွင့်နီနီဝါဝါရောင်စုံနှင့် ပတ်ဝန်းကျင်ကလှချင်တိုင်းလှနေသည်။

ရွက်ဟောင်းတွေကြွေကာ အပင်အောက်ပြန့်ကြဲနေသည်ကလည်း တစ်မျိုးလှနေသည်။

အင်း.....
ချစ်သူဘေးမှာရှိနေမှတော့ အရာအားလုံးလှပနေတာဖြစ်မည်ဟု Baekhyun တွေးမိသည်။

.........................

လက်ထဲက Touch pen လေးကို အသာချကာ လက်ဆစ်လေးတွေ တဖျောက်ဖျောက်ချိုးမိတော့ ဘေးမှာ စားပွဲပေါ်ခေါင်းမှီနေသော Chanyeolက ခေါင်းထောင်လာသည်။

Baekhyun လက်ဆစ်ချိုးသည်ကို Chanyeol က မကြိုက်ပေ။

Baekhyun ပြုံးလိုက်ရင်း Chanyeol ရဲ့ ဆံနွယ်ပွပွလေးတွေကို ဖွပေးမိသည်။

တဖြေးဖြေးနဲ့ နေသားကျလာသော Chanyeol က ပိုချစ်ဖို့ကောင်းလာသည်။

အခုဆို Baekhyunသည် အလုပ်ပြန်လုပ်နေပြီဖြစ်သည်။ ထိုသည်က Boss အတွက်လည်း အဆင်ပြေသလို Baekhyun အတွက်လည်း အဆင်ပြေသည်။

အစပိုင်းမှာ စိုးရိမ်မိပေမယ့်...
အခုတော့ Baekhyun က Wecom Tablet လေးနဲ့ အလုပ်လုပ်နေလျှင် Chanyeol က ဘေးနားကပ်ကာ နားကျပ်လေးတပ်ပြီး သီချင်းနားထောင်တတ်သည်။

အခုလည်း Baekhyun အလုပ်လုပ်ပြီဆိုတာနဲ့ အနားရောက်လာကာ ဘေးနားကပ်ထိုင်ပြီး စားပွဲပေါ်ခေါင်းအုံးကာ မျက်လုံးလေးတွေမှိတ်ထားပြီး ငြိမ်ငြိမ်လေးနေပေးနေသည်က ချစ်ဖို့ကောင်းလွန်းသည်။

ဆံနွယ်လေးတွေ အသာသပ်ပေးကာ ချစ်ရသူမျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို သေသေချာချာငေးနေမိသည်။

ပြည့်စုံသည်ထက်ကို ပိုသည်။
အရာရာပြည့်စုံလွန်းတော့လည်း Baekhyunရဲ့ ကောင်လေးကို လိုချင်ကြသည့်သူတွေက အများကြီး။
နောက်ဆုံး ကိုယ့်ဆီမှာပဲ အဆုံးသတ်သည့် Chanyeol အချစ်တွေကြောင့် Baekhyun ဟာ အပျော်ရွှင်ရဆုံး လူသားတစ်ယောက်။

ဒါပေမယ့်လည်း.....
ဘာကိုမှ စိတ်ချလက်ချမပျော်ရတဲ့ ကိုယ့်ထုံးစံအတိုင်း Baekhyun တို့နှစ်ယောက်ကြားထဲ NaNaဆိုသော သူမက ဝင်ခဲ့ပြန်သည်။

You've reached the end of published parts.

⏰ Last updated: Apr 11, 2020 ⏰

Add this story to your Library to get notified about new parts!

EX (Zawgyi+ Unicode)Where stories live. Discover now